ဌေးလင်းမှကြိုဆိုပါတယ်။ အားလုံးပဲမင်္ဂလာပါ။

ကျွန်တော့်ရဲ့ blog လေးကို ၀င်ရောက်လာတဲ့ သူငယ်ချင်းများ အားလုံးကို မင်္ဂလာ အပေါင်းနဲ့ ပြည့်စုံကြပါစေ လို့ နှုတ်ဆက် လိုက်ပါတယ်ဗျာ။ ဒီဆိုက်လေးကနေ ကျွန်တော် သိထားသမျှ ဗဟုသုတ လေးတွေကို တတ်နိုင်သလောက် စုဆောင်း တင်ပြပေးသွားမှာ ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ ကိုယ်ပိုင် ဖန်တီးမှုလေးတွေ၊ တွေးမိတွေးရာ ရေးမိရေးရာ လေးတွေကိုလည်း တင်ထား ပါတယ်။ အထူးသဖြင့်တော့ ကွန်ပျူတာပိုင်းဆိုင်ရာ ပညာရပ်တွေ နည်းပညာ ဗဟုသုတတွေ လက်တွေ့ သင်ခန်းစာတွေ ကိုဦးစားပေးပြီး တင်ပေးသွားမှာပါ။ ကျွန်တော်က Professional တစ်ယောက် မဟုတ်သလို Tutor တစ်ယောက်လည်း မဟုတ်ပါဘူး။ သင်ယူနေဆဲ လေ့လာနေဆဲ ကျောင်းသား တစ်ယောက်သာ ဖြစ်ပါတယ်။ ဘယ်လောက် ထိမှလည်း မတတ်ကျွမ်းပါဘူး။ ကျွန်တော် သိသလောက် လေးတွေကို သူများတွေ သိစေချင်တဲ့ စိတ်ရင်း စေတနာကို အရင်းခံ ထားတာပါ။ ကျွန်တော့ဘ၀မှာ များသော အားဖြင့် ကျွန်တော် စိတ်ဝင်စားတဲ့ အပိုင်းတွေကို ကိုယ့်ဘာသာကိုယ် Self-study လုပ်ခဲ့ရလို့ Systematically ဆိုတာမျိုး ဖြစ်ချင်မှ ဖြစ်နေမှာပါ။ ဒါပေမယ့် အတတ်နိုင်ဆုံးတော့ အကောင်းဆုံး ဖြစ်အောင် ကြိုးစားသွားမှာပါ။ အားလုံးပဲ စိတ်ချမ်းချမ်းသာသာနဲ့ ဖြစ်ချင် တာတွေကို အောင်မြင် ပေါက်မြောက် အောင် လုပ်နိုင်ကြပါစေလို့ ဆုတောင်း ပေးပါတယ်။

No comments: