ပြန်ထလာတဲ့ အရေအတွက်ဟာ လဲကျသွားတဲ့ အရေအတွက်ထက် တစ်ကြိမ်ပိုခဲ့ရင် အောင်မြင်ပြီ။



၁၉၅၀ ခုနှစ်က အမျိုးသမီး ရေကူးချန်ပီယံ တဦးသည် ကမ္ဘာပေါ်တွင် ပထမဦးဆုံး အင်္ဂလိပ်ပင်လယ် ရေလက်ကြားကို ကန့်လန့်ဖြတ်ကူးသော ချန်ပီယံ ဖြစ်လိုခဲ့သည်။ သူ၏ဆန္ဒအတိုင်း သမိုင်းတွင် တင်ကျန်ခဲ့စေရန် ပြင်ဆင် လေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။ ထို ဖြတ်ကူးမည့် နေ့တွင် သူသည် မိမိကိုယ်ကို ယုံကြည်မှုအပြည့်ဖြင့် သတင်းထောက်နှင့် ပရိသတ်များ၏ ရှေ့မှောက်တွင်ပင် ပင်လယ်ထဲသို့ ခုန်ချပြီး အင်္ဂလန် ဖက်သို့ ဦးတည်ပြီး ကူးခတ်ခဲ့သည်။ ကူးစတွင် ရာသီဥတုမှာ အလွန်သာယာခဲ့သည်။သူသည် မိမိ၏ ပန်းတိုင်ရှိရာသို့ အားသွန်ခွန်စိုက် ကူးခတ်ခဲ့သည်။ သို့သော် အင်္ဂလန်နှင့် နီးလာသောအခါ ပင်လယ်ပြင်သည် မြူများဖြင့် အုံ့ဆိုင်းသွားခဲ့သည်။ မိမိ၏ရှေ့ လက်တစ်ဆန့်တွင်ပင် ဘာမှ မမြင်ရလောက်အောင် မြူများ ထူထပ်လာခဲ့သည်။ အပြောကျယ်သော ပင်လယ်ပြင်တွင် သူသည် ဦးတည်ရာ ပျောက်နေခဲ့သည်။ ပန်းတိုင်၏ အကွာအဝေးကို သူ မခန့်မှန်းနိုင်ဘဲ ရှိနေခဲ့သည်။ ကူးခတ်ရင်း သူ လက်ပန်းကျလာခဲ့သည်။ နောက်ဆုံးလက်လွတ်လိုက်ပြီဖြစ် ကြောင့် သူ ကြေညာလိုက်သည်။ အသက်ကယ်လှေများ သူအား လာရောက် ဆယ်ယူမှ ပန်းတိုင်ရောက်ဖို့ မီတာ ၁၀၀သာ လိုတော့ကြောင်း သူ သတိပြုမိလိုက်သည်။ ပရိသတ်များက ပန်းတိုင်ရောက်ခါနီးမှ လက် လွတ်လိုက်သည်ကို နှမြေတသ ဖြစ်နေကြသည်။မြူအုံ့နေတာ ကျွန်မရဲ့ ဆင်ခြင် မဟုတ်ပါဘူး။ ပန်းတိုင်ရောက်ဖို့ မီတာ ၁၀၀ပဲ လိုတော့တယ် ဆိုတာ ကျွန်မသိခဲ့ရင် ပန်းတိုင်ရောက်တဲ့ အထိ ကျွန်မ အားမလျှော့ဘဲ ကူးခဲ့ပါတယ် ဟု ပရိသတ်နှင့် သတင်းထောက် များအား ပြောခဲ့သည်။ ဇွဲလုံလ မလျော့ဘဲ နောက်ဆုံးအချိန် အထိ တောင့်ခိုင်နိုင်သူအတွက် နောက်ဆုံး ရလဒ်က အောင်မြင်ခြင်းပါ။
အမ နိုင်းနိုင်းစနေ ၏ပို့စ်မှကူးယူဖော်ပြအပ်ပါသည်။

လူ့ဘ၀၏ ၆ပုံ



တစ်ခါက နာမည်ကြီး တက္ကသိုလ်မှ ဆရာတစ်ဦးသည် ချောင်ကျသော ရွာတစ်ရွာသို့ သွားရောက် လည်ပတ်ခဲ့သည်။ ရွာသို့ရောက်သော် လှေတစီးငှားပြီး မြစ်တစ်လျှောက် လည်ပတ်ခဲ့သည်။ လှေစတင်ထွက်သောအခါ ဆရာက လှေသမားအား......
“ ခင္ဗ်ား သခ်ာၤေဗဒတတ္သလား”
“ ကျွန်တော် မတတ်ပါဘူး”
“ရူပဗေဒ တတ်သလား”
“ဒါလဲ မတတ်ပါဘူး”
“ဒါဆိုရင် ခင်ဗျား ကွန်ပြူတာသုံးတတ်သလား”
“စိတ်မကောင်းပါဘူး...ဒါလဲ ကျွန်တော်မတတ်ပါဘူး”
ဆရာမှာ ခေါင်းခါပြီး “သချာင်္မတတ်ရင် လူ့ဘ၀ရဲ့ ၆ပုံ၂ပုံကို ခင်ဗျားဆုံးရှုံးမယ်”
“ရူပဗေဒ မတတ်ရင် လူ့ဘ၀ရဲ့ ၆ပုံ၁ပုံကို ဆုံးရှုံးမယ်”
“ကွန်ပြူတာ မတတ်ရင် လူ့ဘ၀ရဲ့ ၆ပုံ၁ပုံကို ဆုံးရှုံးမယ်..ခင်ဗျားရဲ့ ဘ၀ ၆ပုံ၎ပုံဟာ ဆုံးရှုံးသွားပြီပဲ”
ထိုခဏအတွင်း ရာသီဥတု ပြောင်းပြီး ကောင်းကင်တွင် တိမ်ညိုများ တက်လာသည်။ မကြာမီ မိုးသက်လေပြင်း ကျရောက်တော့မည်။ ထိုအခါ လှေသမားက ဆရာအား “ ခင်ဗျား ရေကူးတတ်သလား” ဟုမေးလိုက်သည်။ ဆရာက ခဏမျှ ဆွံအပြီး “ကျွန်တော် မကူးတတ်ဘူး။ တစ်ခါမှ မသင်ဖူးဘူး” ဟုပြန်ဖြေလေသည်။ လှေသမားမှာ ခေါင်းကိုသွင်သွင် ရမ်းပြီး..“ ဒါဆိုရင် ခင်ဗျားရဲ့ဘ၀ ၆ပုံစလုံးဟာ ဆုံးရှုံးရတော့မယ်” ဟု ပြန်ဖြေခဲ့သည်။
လူတယောက်ဟာ ကိုယ့်ရဲ့ အဆင့်အတန်း ကိုယ့်ရဲ့ စံချိန်နဲ့ အခြားလူတစ်ယောက်ကို သွားတိုင်းတာလို့ မရပါဘူး။ ပုံပြင်ထဲက ဆရာဟာ ပညာရှင်တစ်ဦးပါ။ သူ့ဘ၀မှာသချာင်္၊ ရူပ၊ ကွန်ပြူတာ ပညာတွေသာ အရေးကြီးတယ်လို့ ထင်နေသူပါ။ ဒီပညာတွေသာ မတတ်ရင် လူ့ဘ၀ဟာ အဓိပ္ပါယ်မဲ့ပြီလို့ ထင်နေသူပါ။ ဒါဟာ ပညာရှင်တွေရဲ့ အယူအဆပါ။ လှေသမားအတွက်ကတော့ သူ့အတွက် ဒီပညာ မတတ်လဲ ဘာမှမဖြစ်ဘူး။ အရေးကြီးတာက သူ့အတွက် “ရှင်သန်” ဖို့ အားအင်တွေ ရှိနေဖို့ပဲ။ ဒါပေမဲ့ အရေးကြုံလာတဲ့ အချိန်မှာ ဆရာတတ်ထားတဲ့ ပညာဟာ ဘာမှ အသုံးမ၀င်ခဲ့ဘူး။ လှေမှောက်သွားရင် ရေကူးတတ်တဲ့ လူသာ အသက်ရှင်ခွင့်ရမှာပါ။ တပါးသူကို အထင်မသေးပါနဲ့။ “ငါ”ဆိုတဲ့ ကိုယ့်စံနူန်းနဲ့ အမှားအမှန်ကို မခွဲခြားပါနဲ့။ ဟိုလူမှာ ထီထွင်ဥာဏ်မရှိဘူး ဒါပေမဲ့ သူဟာ ရိုးသားတယ် မကောင်းတာကို မကြံစည်တတ်ဘူး။ ဒီလူဟာ အပြောအဆို မတတ်ဘူး။ ဒါပေမဲ့ သူဟာ အလုပ်ကို ကြိုးစားတယ်။ ဖြောင့်မတ်တယ်။ မခိုမကပ်ဘူး။ ငါရဲ့ “အရည်အချင်း” သူ့မှာ မရှိသလို သူ့ရဲ့ “အရည်အချင်း”လဲ ငါ့မှာ မရှိဘူး ဆိုတာကို ဘယ်တော့မှ မမေ့ပါနဲ့။
အမ နိုင်းနိုင်းစနေ ၏ပို့စ်မှကူးယူဖော်ပြအပ်ပါသည်။

ထင်းခုတ်သမားနှစ်ဦး



တစ်ခါက ထင်းခုတ်သမား လူငယ်တစ်ဦး တောင်တက်ပြီး ထင်းခုတ်လေသည်။ မကြာမီ ထင်းခုတ်သမား အဘိုးအိုတစ်ဦးလည်း ရောက်လာခဲ့သည်။ ထင်းများကို ခုတ်ကြရင်း ညနေစောင်းချိန်တွင် အဘိုးအို၏ ထင်းမှာ လူငယ်ထက် ပိုများနေခဲ့သည်။ အဘိုးအိုမှာ နောက်ကျမှ ရောက်လာပြီး သူ့ထက် ထင်းပိုများနေသည်ကို သတိပြုမိသောလူငယ်က နောက်ရက်တွင် စောစောထပြီး ထင်းခုတ်ထွက်ရန် ဆုံးဖြတ်လိုက်သည်။နောက်တစ်နေ့တွင် လူငယ်မှာ အဘိုးအိုထက် စောပြီး ထင်းခုတ်ရန် ထွက်ခဲ့သည်။ စိတ်ထဲတွင် အဘိုးအိုထက် ထင်းပိုရမည်ဟု တွေးနေမိသည်။ သို့သော် အလုပ်သိမ်းချိန်တွင် အဘိုးအို၏ ထင်းမှာ သူ့ထက် ပိုများနေသည်ကို တွေ့ပြန်သည်။ သို့နှင့် လေး၊ ငါးရက်ဆက်တိုက် တောင်ပေါ်သို့ ရောက်နှင့်နေပြီ မိုးချုပ်နေ၀င်မှ အိမ်ပြန်ခဲ့ သော်လည်း သူ၏ထင်းမှာ အဘိုးအိုထက် နည်းနေခဲ့သည်။ ခြောက်ရက်မြှောက်နေ့တွင် သူသည် မအောင့်နိုင်သည့်အဆုံး အဘိုးအိုအား မေးမြန်းခဲ့သည်။ “ အဘိုး.... ကျွန်တော်က အဘိုးထက် အားသန်တယ်... အဘိုးထက် စောပြီး တောင်ပေါ်ရောက်အောင် လာခဲ့တယ်.. နောက်ကျမှ အိမ်ပြန်တယ်။ ဒါပေမယ့် ကျွန်တော်ခုတ်ရတဲ့ ထင်းက အဘိုးထက် နည်းနေခဲ့တယ်... ဘာကြောင့်လဲ” “ဒီိလို လူလေး... အဘိုးက ထင်းခုတ်ပြီး အိမ်ပြန်ရောက်တိုင်း အဘိုးရဲ့ ပုဆိန်ကို သွေးတယ်။ လူလေးက မသွေးခဲ့ဘူး။ အဘိုး အသက်ကြီးပြီ နောက်ကျမှ တောင်ပေါ်ရောက်သလို လူလေးထက် စောပြီး အလုပ်သိမ်း ခဲ့တယ်။ ဒါပေမယ့် အဘိုးရဲ့ ပုဆိန်က လူလေးပုဆိန်ထက် ထက်တယ်။ အဘိုး လေး ငါးချက်ခုတ်လို့ ပြတ်တဲ့ သစ်ပင်ကို လူလေးက ဆယ်ချက်လောက်ခုတ်ရတယ်... ဒါကြောင့် လူလေးရဲ့ ထင်းတွေ နည်းနေတာပါ” အလုပ်ထဲက လူတွေကို ဟောပြောပွဲ သွားနားထောင်ဖို့၊ အချိန်ပို သင်တန်းတွေ တက်ဖို့ ကျွန်တော် အမြဲ တိုက်တွန်းတတ်တယ်။ တစ်ချို့လူတွေက “အလုပ်ပင်ပန်းရတဲ့ ကြားထဲ သင်တန်းတွေ ဟောပြောပွဲတွေ တက်ဖို့ အချိန်မရှိဘူး” လို့ ညည်းကြရင်း ဒီပုံပြင်နဲ့ ခိုင်းနိုင်းပြီး သူတို့ကို ကျွန်တော် ပြောတတ်တယ်။ “ထင်းပဲခုတ်နေပြီး ပုဆိန်သွေးဖို့ မေ့နေကြရင် အလုပ်အပြည့် လုပ်ပြီး ရလဒ်တစ်ဝက်ပဲ ခံစားရမယ် ဆိုတာကို တစ်ချိန်ချိန်ကျရင် သိလာလိမ့်မယ်” လူ့ဘ၀ လမ်းတစ်လျောက်မှာ ရှင်သန်ကြီးပြင်းဖို့ ကြိုးစားနေသလို တစ်ဖက်ကလည်း ကိုယ့်ကို ဗဟုသုတတွေနဲ့ ပေါများနေသင့်တယ်။ အရင်ခေတ်တုန်းကတော့ ထင်းခုတ်ပြီး အသက်မွေးဝမ်းလို့ ရပေမယ့် ပြောင်းလဲနေတဲ့ ဒီခေတ်မှာ ထင်းပဲခုတ်နေလို့ မလုံလောက်တော့ဘူး။ တစ်ဖက်က ထင်းခုတ်ရင်း တစ်ဖက်ကလဲ ပုဆိန်ကို သွေးနေသင့်တယ်။ နို့မဟုတ်ရင် ခေတ်က ကိုယ့်ကို ပယ်ထုတ် သွားနိုင်တယ်။
အမ နိုင်းနိုင်းစနေ ၏ post မှ ကူးယူဖော်ပြသည်။

မပြည့်ဝတဲ့ အာဏာပိုင်တွေနဲ့ Genius များ



ခေတ်အဆက်ဆက် မပြည့်ဝတဲ့ အာဏာပိုင်တွေနဲ့ Genius တွေကြား မပြေလည်ခဲ့တာ အဆန်းတော့ မဟုတ်ဘူး။ အထူးသဖြင့်တော့ ဘုရင်စနစ်ခေတ်မှာပေါ့။ မူးကြီးမတ်ရာတွေ ပါတနာတွေက ကုန်းတိုက်လို့ပဲဖြစ်ဖြစ် အာဏာပိုင် ကိုယ်တိုင် genius ရဲ့ အရည်အချင်း ပိုင်ဆိုင်မှုကို မနာလို လို့ပဲ ဖြစ်ဖြစ် ဒါမှမဟုတ် ကိုယ့်အလုပ် တစ်ခုထဲမှာပဲ စီးမြောနစ်မြုပ်ဈာန်ဝင်စားနေတတ်တဲ့ genius တွေရဲ့ စတိုင်က သူတို့ကို သူများတွေထက် ဂရုမစိုက်သလို ဖြစ်နေတယ် လို့များ ထင်လို့လားတော့မသိဘူး အမျိုးမျိုးအပြစ်ရှာ ဒုက္ခပေး တတ်ကြတာ လောကသဘာဝ ပဲ။ မြေကြီးပေါ်မှာ ဂျီသြမေတြီ ပုံတွေနဲ့ အလုပ်ရှုပ်နေတဲ့ ဒိုင်အိုးဂျင်းနိ ကို အလက်ဇန်းဒါးသဂရိတ် က လိုတဲ့ဆုတောင်းစေဆိုတော့ သူ့ပုံတွေကို ကွယ်နေတဲ့အရှင့်ရဲ့ အရိပ်ကိုသာ အမြန်ဆုံး ဖယ်ပေးပါလို့ ပြောခဲ့တာ ငယ်ငယ်တုန်းက သင်ခဲ့ရဖူးတယ်။ မပြည့်ဝတဲ့ အာဏာပိုင်တွေ အများစုရဲ့ စိတ်ထဲမှာ မင်းတို့ ငါ့ထက်ဘာတွေပဲသာသာ ဘယ်လိုပဲ တော်တော် ငါ့အမိန့်ကိုတော့ နောက်ဆုံးမှာ နာခံရမယ်။ ငါက အာဏာ ရာထူးအားဖြင့် မင်းတို့ရဲ့ အရှင်သခင်ပဲ ဆိုတဲ့ အတ္တစိတ်နဲ့ သူတို့ထက် နိမ့်ပါးနေစေချင် ကြတာလေ။ ဘုရားလက်ထက်ကလဲ အဇာတသတ်နဲ့  ဇောတိက တို့ ရှိတာပဲ။ ဦးမာဃ သူ့ဘာသာသူ ပရဟိတ တွေလုပ်တော့လဲ ငြိတာပဲ။ ပန်းပဲမောင်တင့်တယ်တို့ ဟာကျူလီတို့ လဲ မလွတ်ဘူး။ အိုဗျာ  ကြည့်ကြည့်လိုက်ပါ နိုင်ငံ တိုင်းမှာ ရှိတယ်။ သမိုင်းတိုင်းမှာရှိတယ်။ ရာဇ၀င် တိုင်းမှာရှိတယ်။ တစ်ခုခုထူးချွန်ကြရင် အနားမှာ သစ္စာခံ ခိုင်းရင်ခံခိုင်း ဒါမှမဟုတ်ရင် ရှော့ ပစ်။ အင်း ထူးချွန်တဲ့ genius တိုင်း အဲဒီ လူစားမျိုးတွေရဲ့  ဒဏ်ကို ခံရတာချည်းပဲ။ ခုချိန်ထိလဲ ရှိချင်ရှိမှာ ပဲလေ။ ဒါကြောင့် brain drain တို့ဘာတို့ ဖြစ်နေတာပေါ့။ ဘယ်နိုင်ငံသားတိုင်း မဆို သူတို့ရဲ့ နိုင်ငံတွေ လူမျိုးတွေကို ချစ်ကြတဲ့လူတွေချည်းပါပဲ။ မိမိရဲ့ အရည်အချင်းတွေနဲ့ မိမိရဲ့ society ကိုအလှဆင်ချင် အလုပ်အကြွေးပြုချင် ကြတာချည်းပါပဲ။ မိခင်နိုင်ငံနဲ့ ကိုယ်ချစ်တဲ့ society နဲ့ ခွဲပြီး တိုင်းတပါးက မိမိရဲ့ အရည်အချင်းတွေကို အသုံးချနေစေ ရတာက အခက်အခဲ အကြောင်း တမျိုးမျိုးကြောင့်ပဲ ဖြစ်ပါလိမ့်မယ်။ ချမှတ်ထားတဲ့ လမ်းစဉ်တွေ မူဝါဒတွေ ကောင်းပါရက်နဲ့ အချို့သော အာဏာပိုင်များရဲ့ အာဏာရူးမှုတွေ မပြည့်ဝမှုတွေ မိဘသဖွယ် မဟုတ် မအုပ်ချုပ်ကြပဲနဲ့ မိထွေး ပထွေးဆန်တဲ့ လူမဆန်တဲ့ စကားလုံးတွေ လုပ်ရပ်တွေကြောင့် ကိုယ့် အမိမြေ အဖွဲ့အစည်းတွေကို စွန့်ခွာသွားကြရတဲ့ လူတွေရဲ့ အရေအတွက်က BBC, VOA, RFA တွေရဲ့စကားကို နားယောင်ပြီး ထွက်သွားတဲ့လူတွေရဲ့ အရေအတွက်နဲ့ ယှဉ်ကြည့်လိုက်ရင်  ပိုများမှာ သေချာပါတယ်။ Genius တိုင်းမှာ သူမတူတဲ့ သာမန်လူတွေ လိုက်မမှီတဲ့ အရည်အချင်းတွေရှိကြပါတယ်။ သူတို့မှာ ၀ိသမလောဘ မရှိဘူး။ သူတို့လုပ်ချင်ရင် ကမ္ဘာကြီးတောင် ပြာချ ပစ်လို့ရပါတယ်။ ဆွန်ဇုတို့ဆိုကြည့်ပါလား။ စစ်ပွဲတိုင်းနီးပါး အောင်မြင်အောင် တိုက်နိုင်လောက်အောင် ပရိယာယ် ဗျူဟာတွေ သိတာတောင် ဘယ်နိုင်ငံတွေကို လိုက်သိမ်းဦးမှပဲ။ ဘယ်လိုများ နယ်ချဲ့ ဦးမှပဲ ဆိုတဲ့ အတွေးမျိုးရှိမှမရှိတာ။ အိုင်းစတိုင်း တို့လည်း ဒီလိုပါပဲ အီးအီကွဲတူအမ်စီစကွဲရ် နဲ့ နျူကလီးယားတွေတောင် ဖန်တီးနိုင်တဲ့ အရည်အချင်းတွေရှိခဲ့တာပဲ။ ဒါပေမယ့် သူဘာလုပ်ခဲ့ လို့လဲ။ သူလဲ သူများ နိုင်ငံသားအဖြစ်ခံယူခဲ့ရတာပဲ။ သမ္မတ ရာထူးတွေလဲငြင်းခဲ့တာပဲ။ အမှန်တော့ brain drain ဆိုတာ တကယ်ကြောက်ဖို့ကောင်းပါတယ်။ ကိုယ့်ဆီက အဖိုးတန်ရတနာတွေ အစွမ်းထက် လက်နက်တွေ သူများလက်ထဲ ရောက်သွားသလိုပါပဲ။ ကျနော်လဲ တစ်ထွာတစ်မိုက် ဥာဏ်လေး မီသလောက်တွေးမိတာပါပဲ။ တော်ပြီးသားလူတွေကို လိမ္မာအောင် လုပ်တာက ပိုကောင်းမလား။ လိမ္မာသည်ဟု သတ်မှတ်စံမှီသော(ဟန်ဆောင်နေတာလဲဖြစ်နိုင်သည့်) လူတွေကို ပဲ တော်အောင်လုပ်ပေးတာပိုကောင်းမလား ဆိုတာလေ။ ဘယ်ဟာပိုကောင်းမလဲတော့ မသိဘူး။ သေချာတာတော့ ကြေးကိုပြောင်အောင်ပွတ်ရင် လက်လာပေမယ့် ရွှေမဖြစ်နိုင်သလိုပဲ။ သာမာန်လူ တစ်ယောက်ကို လေ့ကျင့်ပေးရုံနဲ့ ပိုထူးချွန်လာနိုင်ပေမယ့် genius တစ်ယောက်လို တကယ်တော်အောင် လုပ်ပေးဖို့က လဲ မဖြစ်နိုင်ပါဘူး။ ကျနော် မောင်ဌေးလင်း ကြီးလဲ နိုင်ငံရေးတွေ ဘာတွေ လုံးဝကို နားမလည်ပါဘူး။  စိတ်ထဲတွေးမိတာလေးတွေ ရှောက်ရေးကြည့်တာ။ ၂၃ ၁/၂ ဒီဂရီစောင်းနေတဲ့ ကမ္ဘာကြီးပေါ်က ခါးတခြမ်းစောင်းနေတဲ့ လူသား တစ်ယောက်ဖြစ်တဲ့ ကျနော့် အတွေးတွေ စောင်းနေတယ် ဆိုရင်တော့ အားလုံးပဲ အပြစ် မတင်ကြပါနဲ့ဗျို့။