ဒီတစ်ခါကျနော်မိတ်ဆက်ပေးမှာက
စစ်သုံးဝေါဟာရများအဘိဓာန် လေးပါ။ Android အတွက်ပါ။ Dictionary တစ်ခုဖြစ်ဖို့ဆိုတာ
code ရေးတဲ့ပိုင်းကိုခနထားလိုက်ပါဦး။ စကားလုံးတွေအတွက် database တည်ဆောက်ဖို့က အရမ်းပင်ပန်းပါတယ်။
ရှိပြီးသား သူများ database ဖိုင်ကို ယူသုံးရင်တော့ တစ်မျိုးပေါ့ဗျာ။ (မည်သူ့ကိုမှ
မစော်ကားပါ။ တိုက်ဆိုင်မှုရှိက ခွင့်လွှတ်ပါကုန်J)။ ကျနော့် dict လေးအတွက်စကားလုံးတွေကို
ကျင့် ကထုတ်ပေးတဲ့ အစိမ်းရောင် စစ်သုံးဝေါဟာရများစာအုပ်ကြီး တစ်အုပ်လုံးရယ်၊ ကျောင်းဆင်းတုန်းက
အီးမေဂျာက ထုတ်ပေးလိုက်တဲ့ အဖြူရောင် စစ်သုံးဝေါဟာရများ စာအုပ်ရယ်၊ ပြီးတော့ kiwix
ထဲက ရာထူးအဆင့်နဲ့ဆိုင်တဲ့ စကားလုံး တွေရယ်ကို စာစီစာရိုက်လက်ကွက် အင်မတန် နှေးလှတဲ့
ကျနော်ဟာ ရက်ရှည်လများ တော်တော့ကို အားထည့်ရိုက်ပြီး SQLite database တစ်ခုအဖြစ်ကိုယ်တိုင်
အပင်ပန်းခံပြီး ဖန်တီးခဲ့ရတာပါ။ data တွေထည့်နေရင်းနဲ့ တခါတလေ စိတ်ပျက်ငြီးငွေ့ သလိုတွေ
ဆက်မလုပ်ချင်တဲ့ စိတ်တွေတောင် ဖြစ်လာပါတယ်။ ဂစ်တာတီးရင်တောင် လက်က အသားမာ မတက်ပဲနဲ့
အဲဒီ အချိန်ကျတော့မှ လက်ထိပ်တွေတောင် အသားမာ တက်ချင်သလိုတွေ ဖြစ်လာတယ်ဗျာ။ ဒါနဲ့ပဲ
ကိုယ့် ကိုကိုယ် “ဒါအကုန်ပဲလား” လို့မေးလိုက်။ မခံချင်စိတ်နဲ့ “မဟုတ်” လို့ ပြန်ဖြေပြီး
ဆက်ရိုက်လိုက်နဲ့ပဲ ရိုက်ရင်းရိုက်ရင်း အချိန်တန်တော့ ပြီးသွားပါတယ် J။ ကျနော့် dicta လေးမှာ အင်္ဂလိပ်ကနေမြန်မာလိုရော
မြန်မာကနေ အင်္ဂလိပ် လိုရော နှစ်မျိုးလုံးရှာနိုင်အောင် လုပ်ထားပါတယ်။ စစ်သားတွေ အတွက်ရယ်မှ
မဟုတ်ပါဘူး။ အင်္ဂလိပ်စာ လေ့လာနေသူတွေ အတွက်လည်း စစ်သုံးဝေါဟာရတွေသိချင်ရင် ဆောင်ထားပေါ့ဗျာ။
အခု မြ၀တီ သတင်းစာမှာ ပါပါနေတဲ့ ဥာဏ်စမ်း အစီအစဉ်လေးတွေ မှာ အလျားလိုက် ဒေါင်လိုက်တွေ
အင်္ဂလိပ်စာလုံးတွေ ဖြည့်ခိုင်းတဲ့ ဟာလေ။ ဘယ်လိုခေါ်လဲတော့ မသိဘူးJ။ အယ် အဲဒီမှာ စစ်သုံးဝေါဟာရ ထဲက စကားလုံးတွေ
တော်တော်များများ ပါတယ်ဗျ။ တချို့ အပြင် dict တွေထဲမှာ လုံးဝကို မပါဘူး။ အဲဒါဖြေနေတဲ့
လူအတွက်တော့ ဒါလေးက မိုက်တယ် ဗျို့။ တလောက ညီလေးတယောက်က ပြောလာပါတယ်။ သူ သင်တန်း တစ်ခုရဲ့
အင်္ဂလိပ်စာ စာမေးပွဲ တစ်ခုမှာ စစ်သားဘ၀အကြောင်း Myself အက်ဆေးရေးခိုင်းတော့ မြန်မာလိုတွေး
အင်္ဂလိပ်လိုရေးချိန်မှာ တပ်မတော်ထဲ စ၀င်ချိန်ကနေ ခုချိန်ထိအကြောင်းတွေ အတွက် သုံးရမယ့်
လိုတဲ့ စကားလုံးတွေကို အင်္ဂလိပ် လို စဉ်းစားလိုက်တဲ့
အခါ တော်တော်များများ မသိတာတို့ မေ့နေတာတို့ ဖြစ်နေပါတယ်တဲ့။ အဲဒါနဲ့ သူ့ဖုန်းထဲက ကျနော့်
dict လေးကို ဖွင့်ပြီး သူမသိတဲ့ စကားလုံးတော်တော်များများကို ရှာကြည့်လိုက်ပါတယ်တဲ့။
တော်တော် အသုံးဝင်ပါတယ်။ ကောင်းပါတယ်တဲ့။ အဲ့နေ့က ကျနော်လဲ သူ့ကို လဖေ့ရေ ၀ယ်တိုက်လိုက်ပါတယ်
J။
ကဲဗျာ ကျနော်လဲ လေရှည်နေတာများပြီ။ လိုချင်တဲ့သူရှိရင် အောက်မှာ ဒေါင်းလိုက်ကြပါအုံး။
အားလုံးပဲ ပျော်ရွှင်နိုင် ကြပါစေ။ တကယ်လို့ ကွန်ပျူတာမှာ Babylon dictionary သုံးတဲ့
သူတွေ အတွက်လည်း Babylon မှာသုံးလို့ရတဲ့ dict လေးလုပ်ထားပါတယ်။ ကွန်ပျူတာမှာ
Babylon တင်ထားရင် double-click ပေးလိုက် သူ့ဘာသာ သူ install လုပ်သွားပါလိမ့်မယ်။
Android အတွက်
ကွန်ပျူတာမှာ သုံးဖို့ Babylon အတွက်