ဟိုးတစ်နေ့က ကျနော် မောင်ဌေးလင်းရဲ့
ညီမလေး ကျနော့်ဆီကို ပြဿနာတစ်ခု ဖုန်းဆက်ပြီး မေးလာပါတယ်။ ဖြစ်ပုံက သူ့သင်တန်းကို
assignment တင်ဖို့ print out ထုတ်ဖို့လိုတဲ့ သူ့ကွန်ပျူတာထဲက စာတွေ ဆိုင်မှာ print သွားထုတ်တာ ဟိုရောက်တော့ ဆိုင်ကလူက
stick ထဲမှာ ဘာမှမပါဘူးလို့ ပြောပါတယ်တဲ့။ တကယ်လဲ my computer ထဲက stick ထဲမှာ ကြည့်လိုက်တော့
ဘာဖိုဒါမှ မရှိတော့ပါဘူးတဲ့။ အဲဒါနဲ့ သူလဲ အိမ်ပြန် စတစ်ကို ဖောမတ် ချပြီး နောက်တစ်ခေါက်ထည့်
ပြီး ထပ်လာပါသတဲ့။ ဒါလဲ ဘာမှ မပေါ် ပြန်ပါဘူးတဲ့။ ကျနော်က စတစ်ရဲ့ Properties ကိုကြည့်ခိုင်းတော့ Use space တော့ပြနေပါတယ်တဲ့။
ဒါမဲ့ My Computer ထဲက စတစ်ထဲမှာ ဘာမှပြပါဘူးတဲ့။ အမှန်က စက်တစ်လုံးလုံးထဲမှာ ဗိုင်းရပ်ရှိနေတာပါ။
ဒါ့ကြောင့်ထိုးလိုက်တာနဲ့ စတစ်ထဲမှာရှိတဲ့
ဖိုဒါတွေကို ဖျောက်ပစ်လိုက်တာပါ။ တခါတလေ သူ့ကို run မိအောင် အဲဒီ့ဖိုဒါတွေ နဲ့ နာမည်တူ
shortcut တွေပဲဖြစ်ဖြစ်၊ ဗိုင်းရပ် exe ဖိုင်တွေပဲဖြစ်ဖြစ် အစားထိုးထားတတ်ပါတယ်။ အဲဒါကြောင့်
ဖြစ်နိုင်ရင် ဖိုင်တွေကို extension ဖော်ထားပါ။ Folder အစား Folder Name နဲ့ .exe ဆိုပြီးတွေ့နေရင်တော့သေချာပါတယ်။
အဲဒါ ကိုကိုဗိုင်းရပ်ပါ။ Anti-virus က သိလို့ဖျက်လိုက်တော့
hidden လုပ်ထားတဲ့ ဖိုဒါတွေက ပျောက်ခြင်းမလှ ပျောက်သွားပါလေရော။ တချို့ဆိုရင် data
တွေပျောက်ကုန်လို့ ငိုမဲ့ ငိုမဲ့ လေးတွေတောင် ဖြစ်တတ်ကြပါတယ်။ တချို့ဆိုရင် အယူအဆတွေ
မှားပြီး anti-virus scan စစ်ရင် data တွေ ပျက်ကုန်လို့ မစစ်တော့နဲ့တို့၊ စတစ်ထဲကို
ဖိုဒါမဆောက်နဲ့ ဖိုင်တွေပဲ ဒီတိုင်းထည့် တို့ ဖြစ်ကုန်ကြတယ်။ ကဲ လေတော့ တော်တော်ရှည်သွားပါပြီ။
အဲလိုပြဿနာလေးတွေ ကြုံခဲ့ရင် ဘယ်လို လုပ်မလဲ ဆိုတာကို ကျနော်ပြောပြပါ့မယ့်။
အရင်ဆုံး
ဇာတ်လိုက်ကျော်ကြီး cmd ကို ဖွင့်လိုက်ပါ။ ပြီးရင် စတစ်ရဲ့ drive letter ကိုသိအောင်
my computer ကနေကြည့်လိုက်ပါ H တို့ I တို့စသဖြင့်ပေါ့လေ။ ဥပမာ I ဆိုပါစို့။ cmd မှာ
ဆိုပြီး ရိုက်ပြီး Enter ခေါက် လိုက်ပါ။
ဆိုပြီး ရိုက်ပြီး Enter ခေါက် လိုက်ပါ။

ဒါဆိုရင် I ထဲကိုရောက်သွားပါပြီ။ နောက်ထပ်ဆက်ရိုက်ရမယ့်
command က
ပဲဖြစ်ပါတယ်။
ပဲဖြစ်ပါတယ်။

Cursor လေး မှိတ်တုတ်မှတ်တုတ် နဲ့ အလုပ်လုပ်နေပြီး
ပြီးသွားရင်တော့ cmd မှာ I:\> လို့ ပြန်ပြမှာပါ။ Stick ရဲ့ ပမာန များရင်များရင်များသလို
အလုပ်လုပ်တဲ့ processing time က ကြာမှာပါ။ ပြီးသွားရင်တော့ ပျောက်သွားတဲ့ ဖိုဒါလေးများကို
My Computer ထဲက စတစ်ထဲမှာ ပြန်လည် တွေ့ရှိရမှာပဲ ဖြစ်ပါတယ်။ အားလုံးပဲ အဆင်ပြေကြပါစေ။
No comments:
Post a Comment