Packaging and Distribution

Packaging and Distribution

Packaging
         Software System or application များအား  ရေးသား ဖန်တီးပြီးသောအခါ အသုံးပြုသူ user များအတွက် သက်ဆိုင်ရာ operating system များတွင် အသင့် ထည့်သွင်း တပ်ဆင်ရန် ထုပ်ပိုးမှု ပြုလုပ်သော အဆင့်ကို packaging ဟုခေါ်သည်။ Windows Operating system များအတွက် installer package များအဖြစ် standard executable file(.exe) ဖိုင်များနှင့် microsoft installer file(.msi) ဖိုင်များကို အသုံးပြုကြသည်။ Linux operating system အတွက်မူ .deb ဖိုင်များ၊ tar.gz ဖိုင်များ စသဖြင့် အသုံးများကြသည်။
         Windows Operating System များအတွက် installer package များပြုလုပ်ရတွင် သီးခြား installer maker ပြုလုပ်သော application များရှိသကဲ့သို့ အချို့သော Visual Studio ကဲ့သို့သော IDE များတွင် setup file ပြုလုပ်ပေးနိုင်သော function များ ပါဝင်လာသည်။ Java language တွင်မူ executable jar file အဖြစ် .jar file တစ်ဖိုင်တည်းတွင် class file များ၊ audio file များ၊ image file များ၊ icon file များကို စုစည်း၍ ၎င်း jar ဖိုင်ကို Java Runtime Environment (JVM) က execute လုပ်ပေးသည်။

Distribution
        Software system တစ်ခု ပြီးမြောက်သောအခါ အများသို့ မဖြန့်ဝေမီ အမှားအယွင်းများ မရှိစေရန် စမ်းသပ်သည့် အနေဖြင့် အစမ်း သုံးစွဲကြည့်ရသည်။ ထိုသို့ စမ်းသပ် သုံးစွဲရာတွင် System ဖန်တီးသူများအချင်းချင်း စမ်းသပ်သည့် version ကို alpha version ဟု ခေါ်သည်။ Alpha version တွင် အမှားအယွင်းများ ရှိနေဦးမည်ဖြစ်သဖြင့် ပြန်လည်ရေးသားပြီး ထပ်မံ စမ်းသပ်ကြသည်။ Alpha version တွင်ကျေနပ်မှုရှိပါက ဖန်တီးသူ အဖွဲ့အစည်းအတွင်း သုံးစွဲနေရာမှ ပြင်ပလောက အသုံးပြုသူများထံသို့ ဖြန့်ဝေ၍ စမ်းသုံး ကြည့်စေသည်။ ၎င်းကို beta version ဟုခေါ်သည်။ Beta version ကို သုံးစွဲနေသူ user များထံမှ မည့်သည့် အချက်ကို ကြိုက်သည်၊ မကြိုက်သည်၊ မည်သို့ဖြစ်စေချင်သည်၊ မဖြစ်စေချင်သည် စသဖြင့် စနစ်အတွက် အကြံပြုချက်များသည် ဖန်တီးသူ အဖွဲ့အစည်း ထံသို့ပြန်လာသည်။ ထိုအချက်အလက်များကို ပြန်လည်ဆန်းစစ် ဖာထေးပြုပြင်၍ ပြည့်စုံပြီ အသုံးပြု သူများ၏ လိုလားချက်များနှင့် ကိုက်ညီသည်ဟု ဆုံးဖြတ်သော အခြေအနေရှိသည့် version ကို ၁၅ ရက် ရက် ၃၀ စသဖြင့် ရက်အကန့်အသတ်ဖြင့်ဖြစ်စေ စနစ်၏ လုပ်ဆောင်ချက်အချို့ မပါဘဲနှင့်ဖြစ်စေ အသုံးပြုသူ user များထံသို့ ၎င်းတို့၏   တရားဝင် website များမှ ဖြန့်ဝေသည်။ အကယ်၍ ကြိုက်နှစ်သက်ပါက online ငွေပေးချေမှုစနစ်ဖြင့် ဖြစ်စေ၊ ဆိုင်များတွင် တရားဝင်ရောင်းချသော အခွေများမှ ဖြစ်စေ ဝယ်ယူအားပေး သုံးစွဲနိုင်သည်။ ထိုသို့ပြည့်စုံသော စနစ်ကို full version ဟုခေါ်သည်။

Software Engineering Process and Modeling

Software Engineering Process and Modeling

Software
         Software  ဆိုသည်မှာ programming language တစ်ခုခုဖြင့် ရေးသားထားသော program မျှသာမက၎င်းနှင့် သက်ဆိုင်သော အပြင်အဆင်၊ ရုပ်ပုံ၊ အသံဖိုင်များ၊ အသုံးပြုနည်းလမ်းညွှန်များ အားလုံးကို စုပေါင်း ခေါ်ဝေါ်သည်။

Kinds of Software Product
        Software product များကိုအခြေခံအားဖြင့် နှစ်မျိုးခွဲခြားထားသည်။
  • Generic Products  နှင့်
  • Bespoke (or Customized ) Products ဟူ၍ဖြစ်ပါသည်။
        Generic Products  ဆိုသည်မှာ programming ရေးသားရောင်းချသော team or company တစ်ခုခုမှ မည်သည့် customer အတွက်မဆို ရည်စူး၍ ဈေးကွက်သို့ ကြေငြာရောင်းချသော product မျိုးဖြစ်သည်။ ဥပမာ-လက်ရှိ အသုံးပြုများသော Microsoft Office, Page Maker, Photoshop, Auto CAD စသည်တို့ဖြစ်ကြသည်။ ထုတ်လုပ်သူမှ ပိုင်ဆိုင်ပြီး ပြုပြင်ပြောင်းလဲမှု များကိုလည်း ထုတ်လုပ်သူမှသာ ပြင်ဆင်ပြောင်းလဲခွင့်ရှိသည်။
        Bespoke (or Customized ) Products ဆိုသည်မှာ customer တစ်ယောက်ယောက်မှ သီးခြား မှာယူအပ်နှံသည့် product မျိုးဖြစ်သည်။ ဥပမာအားဖြင့် သီးသန့်စီးပွားရေး လုပ်ငန်းတစ်ခုခု ဆောင်ရွက်ရန်အတွက် လာရောက် အပ်နှံသော software များ၊ အသေ တပ်ဆင်ထားသော အီလက်ထရောနစ် ကိရိယာများရှိ ထိန်းချုပ်မှုစနစ်များ၊ လေကြောင်း ထိန်းသိမ်းရေး စနစ်များတွင် အသုံးပြုသော software များ စသည်တို့ဖြစ်သည်။ customer များမှ ပိုင်ဆိုင်ပြီး ပြုပြင်ပြောင်းလဲမှု များမှာလည်း customer အလိုကျ သာဖြစ်သည်။
Software Engineering
        Software Engineering  ဆိုသည်မှာ software တစ်ခုအား စတင်ဖန်တီးရန်အတွက် လိုအပ်ချက်များအား စတင် စဉ်းစားချိန် မှစ၍ ထုတ်လုပ် ဖန်တီးပြီးသည့် အချိန်ထိ အပြင် ရေရှည် အသုံးပြုနိုင်ရေးအတွက် ထိန်းသိမ်းမည့် နည်းလမ်းများ စသဖြင့် လုပ်ငန်းစဉ် အားလုံးနှင့် သက်ဆိုင်သည့် engineering စည်းမျဉ်းစည်းကမ်းများ ဖြစ်သည်။      
        Software Engineering  သည်
  • အချိန်နှင့်တပြေးညီရှိမှု(အချိန်ကုန်သက်သာစေမှု)
  • ကုန်ကျမှုသင့်တင့်မှု
  • လက်ခံနိုင်လောက်သောစွမ်းဆောင်နိုင်မှု
  • မှန်ကန်သောလုပ်ဆောင်မှု
            စသည့် အရည်အချင်းများရှိသော software system များကို ထုတ်လုပ်နိုင်စေမည့် ကွန်ပျူတာသိပ္ပံပညာနှင့် အနုပညာ ပေါင်းစပ်မှု တစ်ရပ် ဖြစ်သည်။
Modeling
        Software တစ်ခုတည်ဆောက်ပြုလုပ်ပုံအား ပြင်ပလက်တွေ့လောကတွင် အိမ်တစ်လုံး တည်ဆောက်ပုံနှင့် နှိုင်းယှဉ် လေ့လာ ကြည့်ကြပါစို့။ အိမ်တစ်လုံး ဆောက်ရန်အတွက် ပထမဆုံး လိုအပ်သော အဆင့်မှာ ဗိသုကာဆရာ Architect ထံသို့ သွားရောက်၍ မိမိဆောက်လုပ်လိုသည့် အိမ်ပုံစံအမျိုးအစား၊ မိမိတတ်နိုင်သော ကုန်ကျစရိတ်၊ အသုံးပြုလိုသည့် ဆောက်လုပ်ရေး ပစ္စည်းများ စသည်တို့အား architect အားပြောပြ၍ architect မှတွက်ချက်ကာ နောက်ဆုံးတွင် အိမ်ပုံစံ ဒီဇိုင်းနှင့် အကြမ်းဖျဉ်း ကုန်ကျစရိတ်အား ရရှိမည်ဖြစ်သည်။ ထိုပထမအဆင့်သည် software engineering လုပ်ငန်းတွင် modeling ပြုလုပ်သည်ဟု ခေါ်သည်။
        ထိုအိမ်ပုံစံ ဒီဇိုင်းအား မည်သည့် ဆောက်လုပ်ရေး ဝန်ဆောင်မှုပေးသော construction company တွင် ဖြစ်စေပြသ၍ အခပေး ဆောက်လုပ်နိုင်စေပါသည်။ Software engineering လုပ်ငန်းတွင်လည်း system architect ဟု ခေါ်သော ပညာရှင်များမှ ဆွဲပေးသော ဒီဇိုင်းပုံစံအတိုင်း programmer များမှ coding များ ရေးသားရသည်သာ ဖြစ်သည်။ Programmer များတွင်လည်း ၎င်းတို့၏ သက်ဆိုင်ရာအလိုက် ကျွမ်းကျင် တတ်မြောက်ထားသော programming language များမှာ မတူညီနိုင်ကြပေ။ ထို့ကြောင့် system architect များနှင့် အခြား programmer များ အားလုံး၏အကြားတွင် နားလည်ရန်လိုအပ်သော modeling language တစ်မျိုး လိုအပ်လာသည်။ ၎င်းလိုအပ်ချက်ကို UML (Unified Modeling Language) က ဖြည့်ဆည်းပေးသည်။ UML သည် language တစ်ခု ဖြစ်သော်လည်း အခြား Language များကဲ့သို့ စာသားများသက်သက် မဟုတ်ပဲ ပုံများဖြင့် ကိုယ်စားပြုသော Diagram Language ဖြစ်သည်။ UML diagram တစ်ခုကိုကြည့်၍ မည်သည့် language programmer ကမဆို coding ကို ရေးသားနိုင်ရမည်ဖြစ်သည်။ ဥပမာအားဖြင့် ကိန်းနှစ်ခုကို ပေါင်းပေးသော system တစ်ခုအတွက် system architect က အောက်ပါအတိုင်း UML diagram တစ်ခု ဆွဲပေးသည်ဆိုကြပါစို့။ 

        ၎င်း ပုံကိုကြည့်၍ မည်သည့် language programmer ကမဆို သက်ဆိုင်ရာ language ဖြင့် လိုလားချက် ပြည့်စုံစေမည့် coding ကို ရေးသားနိုင်ရမည် ဖြစ်သည်။ ဥပမာအားဖြင့် ဆိုရသော် ဒိုရေမီဖာ တေးဂီတနုတ် တစ်ခုကိုကြည့်၍ မည်သည့် တူရိယာ ပညာရှင် ကမဆို တီးခတ်နိုင်သော သဘောမျိုးပင် ဖြစ်သည်။ အထက်တွင် ဖော်ပြသော Model ပုံမျိုးကို Usecase Diagram ဟုခေါ်သည်။ Usecase diagram ဆိုသည်မှာ System တစ်ခုကို user တစ်ယောက်အနေဖြင့် မည်သို့အသုံးချ၍ ရသနည်းဟု အသုံးပြုသူ ဘက်မှ စဉ်းစားသော user view ကို အလေးပေးသည့် diagram မျိုးဖြစ်သည်။ UML တွင် diagram ၉ မျိုးရှိသည်။


Type of Application and Choosing Language

Type of Application and Choosing Language

         Programmer တစ်ယောက် အဖြစ် ရပ်တည်လိုသူ တစ်ယောက်အတွက် application အမျိုးအစားများကို သိရှိပြီး programming language များကို ရွေးချယ်လေ့လာ သင်ယူနိုင်ရန်အတွက် အခြေခံ သဘောတရားများကို ဆက်လက်ဆွေးနွေး ပေးသွားပါမည်။ Application များကို အခြေခံအားဖြင့် web application နှင့် desktop or standalone application ဟူ၍ နှစ်မျိုးခွဲခြား နိုင်ပါသည်။ Web application ဆိုသည်မှာ web browser များ (Internet Explorer, Mozilla Firefox, Google's Chrome, Opera စသည်များ…) မှတဆင့် အသုံးပြုနိုင်သော application များဖြစ်သည်။ မည်သည့် operating system တွင်မဆို web browser ပါသည်နှင့် အသုံးချနိုင်သော application အမျိုးအစားမျိုးဖြစ်သည်။
        
Web application များရေးသားရာတွင်အသုံးပြုသော language များမှာ
  • HTML (Hypertext Markup Language)
  • CSS (Cascading Style Sheet)
  • Java script
  • vb script
  • PHP (Hypertext Pre-processor)
  • JSP (Java Server Pages)
  • ASP (Active Server Pages)
  • ASP.Net (Active Server Pages on .Net Framework)
စသည်တို့ဖြစ်သည်။
        
 Desktop or standalone application ဆိုသည်မှာ သက်ဆိုင်ရာ operation system တွင် installation ပြုလုပ်၍ အသုံးပြုရသော application အမျိုးအစားမျိုးဖြစ်သည်။ Operating system များအလိုက်သက်ဆိုင်ရာ version ရှိသည်။ ဆိုလိုသည်မှာ Windows OS များအတွက် အသုံးပြုသော Mozilla Firefox browser application သည် linux OS တွင် installation ပြုလုပ်၍ အသုံးပြု၍မရပေ။ Linux version အတွက် ထွက်ရှိထုတ်လုပ်ထားသော Mozilla Firefox browser application သည်လည်း Windows နှင့် အခြား OS များတွင်အသုံးပြု၍ မရပေ။ Desktop application များ ရေးသားရာတွင် အသုံးများလေ့ရှိသော language များမှာ
  • C,C++
  • VB(Visual Basic)
  • Java
  • C#
စသည်တို့ဖြစ်ကြပါသည်။
         Computer Prorammer တစ်ဦးအဖြစ် ရပ်တည်လိုသူတစ်ဦး အနေဖြင့် မိမိသည် Web programmer အဖြစ်ရပ်တည်မည် သို့မဟုတ် desktop programmer တစ်ယောက် အဖြစ် ရပ်တည်မည်ကို ဆုံးဖြတ်သည့်အပေါ် မူတည်၍ သင့်တော်သော programming language တစ်ခုကို အထူးပြု လေ့လာတတ်မြောက်ထားရန် လိုအပ်လှပေသည်။ အကယ်၍ Web programmer အဖြစ်ရပ် တည်လိုသူ တစ်ဦးအနေဖြင့် web language တစ်ခုကို ရွေးချယ်ရမည်ဖြစ်ပြီး Desktop application များ ရေးသားလိုသူများ အတွက် မိမိ target ထား ရေးသားလိုသည့် OS ပေါ်တွင် run နိုင်သည့် Framework(Runtime) တွင် အလုပ်လုပ်နိုင်မည့် language တစ်ခုခုကို ရွေးချယ် တတ်မြောက်ထားရမည် ဖြစ်သည်။

Programming Framework and OS Dependency

Programming Framework and OS Dependency

         Programming ကမ္ဘာတွင် Programming Language များ မြောက်များစွာရှိသည်။ အသုံးချနယ်ပယ်နှင့် target Operating System များအပေါ် မူတည်၍ မိမိတို့စိတ်ကြိုက် language များကို အသုံးပြုကြသည်။ Programming language တိုင်းသည် သက်ဆိုင်ရာ Language Virtual Machine များအပေါ်တွင် အလုပ်လုပ်ကြရသည်။ ၎င်းတို့ကို Framework သို့မဟုတ် Environment သို့မဟုတ် Runtime စသဖြင့် ခေါ်ဝေါ်ကြသည်။ ဆိုရလျှင် C++ ဖြင့်ရေးသားထားသော application များအလုပ်လုပ်ရန် အတွက် သက်ဆိုင်ရာ operating system များတွင် C++ Runtime လိုသည်။ Java ဖြင့်ရေးသားထားသော application များအလုပ်လုပ်ရန်အတွက် သက်ဆိုင်ရာ operating system များတွင် Java Runtime Environment (JRE) လိုသည်။ Visual Basic ဖြင့် ရေးသားထားသော application များ အလုပ်လုပ်ရန်အတွက် သက်ဆိုင်ရာ operating system များတွင် Microsoft Visual Studio လိုသည်။ C#, C++.Net, VB.Net, J#, F# စသည်တို့ဖြင့် ရေးသားထားသော application များ အလုပ်လုပ်ရန်အတွက် သက်ဆိုင်ရာ operating system များတွင် Microsoft.Net Framework လိုသည်။

        မိမိ target ထား၍ application ရေးသားလိုသော Operating System များတွင်ရရှိနိုင်သည့် Framework, Environment, Runtime များ အပေါ်မူတည်၍ programming language များကိုရွေးချယ်သင့်သည်။
        Visual Basic language အလုပ်လုပ်သော Microsoft Visual Studio သည် Microsoft မှထုတ်လုပ်သော operating system များတွင်သာအလုပ်လုပ်သည်။ အခြား company များမှထုတ်လုပ်သော OS များ- ဥပမာ-Apple ၏ Mac OS, Unix, Linux စသည်တို့ပေါ်တွင် အလုပ်လုပ်နိုင်ခြင်းမရှိပေ။ တစ်နည်းအားဖြင့် Microsoft Visual Studio သည် အခြား OS များအတွက် version မရှိပေ။ ယခင် Sun ယခု Oracle ပိုင် Java Runtime Environment သည် အခြား OS version များအတွက် ထုတ်လုပ်ပေးထားသည်။ ထို့ကြောင့် java language ၏ "တစ်ကြိမ်ရေး ကြိုက်တဲ့နေရာ အလုပ်လုပ်" "Write Once Run Anywhere" ဆောင်ပုဒ်သည် ကျော်ကြားခဲ့သည်။ နာမည်ကျော် Microsoft ၏ .Net Framework သည် ကနဦးပေါ်ကာစတွင် Microsoft OS များဖြစ်သည့် Windows OS များပေါ်တွင်သာ အလုပ်လုပ်နိုင်ခဲ့သော်လည်း ယခုအခါတွင် linux နှင့် အခြား OS များအပေါ်တွင်အလုပ်လုပ်နိုင်သော Mono ကဲ့သို့ Open .Net Framework Platform များရှိလာပြီဖြစ်သည်။ ထို့ကြောင့် programming လောကတွင် .Net Framework ပေါ်တွင် အဓိကအလုပ်လုပ်သော C# Langauge ၏ ကျယ်ပြန့်မှုသည် ထင်ရှားလာသည်။ Java ထက်လည်း Object Oriented နည်းပညာ ပို၍သာလွန်သည်ဟု ဆိုသည်။

Compiler and Interpreter (Compiled & Interpreted Language)


Compiler and Interpreter (Compiled & Interpreted Language)

         အမှန်တကယ် ကွန်ပျူတာများ နားလည်ကြသည်မှာ machine language သာဖြစ်သည်။ လူသားများနားလည် ကြသည်မှာလည်း အင်္ဂလိပ်အက္ခရာများနှင့် သင်္ချာဂဏန်းများ၊ သင်္ကေတများ စသဖြင့်ဖြစ်သည်။ ထိုအခါ လူသားများမှ ကွန်ပျူတာကို ဆက်သွယ်ထိန်းချုပ် ပြောဆိုရန်ကြားထဲတွင် လိုအပ်ချက်တစ်ခု ရှိလာသည်။ Compiler ဆိုသည်မှာ လူသား Programmer များရေးသားသော program source code (အင်္ဂလိပ် အက္ခရာများနှင့် သင်္ချာဂဏန်းများ၊ သင်္ကေတများ) မှ စက်နားလည်သော machine executable object code အဖြစ် ပြောင်းလဲပေးသော အရာ (program) တစ်ခုပင် ဖြစ်သည်။ 

Figure 2.1 Compiler သည် source code မှ object code သို့ပြောင်းလဲပေးပုံအဆင့်ဆင့်
        Interpreter ဆိုသည်မှာ programmer ရေးသားသော program source code မှ computer နားလည်သော object code သို့မပြောင်းလဲပဲ တိုက်ရိုက် computer သို့ခိုင်းစေသော အရာပင်ဖြစ်သည်။ ဥပမာ- vbs (Visual Basic Script) language သည် compiler မလိုပဲ interpreter မှ တိုက်ရိုက် run (execute) လုပ်ပေးသော interpreted language တစ်ခုဖြစ်သည်။ user ဖန်တီးသော vbs file များအားလုံးကို system32 ရှိ wscipt.exe(vbs interpreter) မှ ဒိုင်ခံ၍ execute (run) ပေးသည်။ လက်တွေ့ သင်ခန်းစာ တစ်ခု လုပ်ကြည့်ကြပါစို့။ Notepad ဖွင့်ပြီး msgbox(“Hello World!”) ဟုရိုက်ကြည့်ပါ။ file type အား All File ရွေးပြီး File Name ကို Hello.vbs ဟု save လိုက်ပါ။ ၎င်း vbs file အား compile လုပ်စရာမလိုပဲ double click လုပ်၍ run နိုင်မည်ဖြစ်သည်။ vbs language သည် interpreted language ဖြစ်သောကြောင့် wscript interpreter မှတိုက်ရိုက် စက်နားလည်အောင် run ပေး သောကြောင့်ဖြစ်သည်။ 


Figure 2.1 Interpreter  သည် source code အား compile မလုပ်ပဲ တိုက်ရိုက် computer အား interprete လုပ်ပေးပုံ
        Interpreted Language များမှာ vbs, js, python script, windows shell scipt Language(.cmd,.bat file များ) စသည်တို့ဖြစ်ကြပါသည်။ java,C#, C,C++ စသည့် language များသည် compiled Language များဖြစ်သည်။
မှတ်သားရန်-       Microsoft Windows Platform တွင် java မှလွဲ၍ ကျန်အားလုံးလိုလို compiled language များမှ source code များကို compiled လုပ်လိုက်လျှင် Windows ၏ standard executable ဖိုင်ဖြစ်သော .exe ဖိုင်အဖြစ် out put ထုတ်ပေးသည်။ java compiler ကား .class ဖိုင် out put ထုတ်ပေးသည်။

Basic commands in Windows' cmd

Basic commands in Windows' cmd

        Fundamental Knowledge for Operating System တွင် operating system များ၏ command line shell များအကြောင်းကိုဖော်ပြခဲ့ပြီး ဖြစ်သည်။ Operating system များစွာရှိသည့်အနက် စံ,အနေဖြင့် windows OS ၏ command များကိုဖော်ပြ ပေးသွားမည်ဖြစ်သည်။
        Windows တွင် command prompt(cmd.exe) ကိုဖွင့် ရန် Windows Key နှင့် R ကိုတွဲနှိပ်၍ပေါ်လာသော Run တွင် cmd ဟုရိုက်ပြီး enter နှိပ်ပါ။ command prompt ပေါ်လာပါလိမ့်မည်။

        ပုံမှန်အနေဖြင့် လက်ရှိ ရှိနေတတ်သောနေရာမှာ user profile ဖြစ်သော C:\Users\Administrstor (မိမိ၏ အကောင့် အမည်တစ်ခုခု) ကိုဝင်ရောက် ထားပေးသည်။ ထိုမှတဆင့် မိမိသွားရောက်လိုသော နေရာသို့ သွားရောက် ရမည်ဖြစ်သည်။ ဥပမာ မိမိက Desktop ပေါ်သို့ သွားရောက်လိုလျှင် cd Desktop ဟုရိုက်ပြီး Enter နှိပ်ရမည်ဖြစ်သည်။ ထိုအခါ command prompt တွင် ရောက်ရှိနေရာအား C:\Users\Administrstor\Desktop> ဟုပြသနေမည်ဖြစ်သည်။ ရိုက်ကြည့်ပါက အောက်ပါအတိုင်း ပြမည်ဖြစ်သည်။

မိမိ ရောက်ရှိနေသော နေရာတွင်ရှိသော ဖိုင်၊ဖိုဒါ(Directory) များကိုကြည့်ချင်ပါက dir ဟူသော command ကိုရိုက်ပြီး Enter နှိပ်ပါ။


        Desktop ပေါ်ရှိ ဖိုင်၊ဖိုဒါများကို command prompt တွင်ပြသနေမည်ဖြစ်သည်။ Desktop ပေါ်တွင် ဖိုဒါ(Directory) အသစ်တစ်ခု ဖန်တီးလိုပါက လိုအပ်သော command မှာ
md မိမိဖန်တီးလိုသောဖိုဒါအမည်
ဖြစ်သည်။ (md သည် make directory ဖြစ်သည်။)။ အကယ်၍ မိမိဖန်တီးလိုသော ဖိုဒါအမည်သည် space ခြားနေပါက double quote(“ ”) ခံပေးရမည် ဖြစ်သည်။ ဥပမာအားဖြင့် C Program ဟူသော ဖိုဒါတစ်ခု ဖန်တီးလိုပါက ရိုက်ရမည့် command မှာ
md “C Program”
ဖြစ်သည်။ C နှင့် Program အကြားတွင် space ခြားနေသောကြောင့် “” သုံးပေးရခြင်းဖြစ်သည်။ အကယ်၍ “C Program” ဟူသော ဖိုဒါအား “C tutorial” ဟုအမည်ပြောင်းချင်ပါက သုံးရမည့် command မှာ
ren “C Program” “C tutorial” ဖြစ်သည်။ 
လက်ရှိရောက်နေသော Desktop မှ “C tutorial” ဖိုဒါ(Directory) သို့ဝင်ရောက်လိုပါက cd command ဖြင့်ဝင်ရောက်ရမည်ဖြစ်သည်။ cd “C tutorial"



 လက်ရှိရောက်ရှိနေသော နေရာမှ နောက်သို့တစ်ဆင့်ဆုတ်ပြန်ထွက်ချင်လျှင် cd.. command ကို သုံးရမည်ဖြစ်သည်။

အကယ်၍နောက်ဆုံး drive အထိပြန်ထွက်ချင်ပါက သုံးရမည့် command မှာ cd\ ဖြစ်သည်။

အခြား drive သို့သွားချင်ပါက ဥပမာ drive D:\ သို့သွားချင်ပါက သုံးရမည့် command မှာ D: ဖြစ်သည်။
         Desktop ပေါ်သို့ပြန်သွားကြည့်ပါစို့။ ရိုက်ရမည့် command များမှာ
C:                              <Enter>
cd %userprofile%        <Enter>
cd Desktop                    <Enter>
ဖြစ်သည်။

ခုနက ဖန်တီးခဲ့သော “C tutorial” ဖိုဒါထဲသို့ပြန်ဝင်လိုပါက cd “C tutorial” ဖြစ်သည်။


         Windows တွင်လည်း text file များကိုဖန်တီးနိုင်သော Command line application တစ်ခုရှိသည် (Linux တွင် vi editor ကဲ့သို့ဖြစ်သည်။)။ ၎င်းမှာ edit ဖြစ်သည်။ file name အတိအကျမှာ edit.com ဖြစ်ပြီး system32 ဖိုဒါတွင်ရှိသည်။ လက်ရှိရောက်နေသော desktop ပေါ်ရှိ C tutorial ဖိုဒါထဲတွင် hello.c ဟူသော C program source code ဖိုင်လေးတစ်ခုအား edit ကိုအသုံးပြု၍ တည်ဆောက်ကြပါစို့။ command prompt တွင် “C tutorial” နေရာသို့ ၀င်ရောက်ထားပါ။ ထို့နောက် edit hello.c ဟုရိုက်လိုက်ပါ။
အောက်ပါအတိုင်းပေါ်လာမည်။

        ၎င်းမှာ edit ဟူသော command line application ဖြစ်ပြီး notepad ကဲ့သို့ပင် text file များ program source code file များကို ဖန်တီးနိုင်သည်။ edit တွင် C program တစ်ပုဒ်ရေးကြည့်ကြပါစို့။

        ရေးပြီးသောအခါ သိမ်းဆည်းရန်အတွက် File menu မှ save ကိုနှိပ်ပါမည်။ command line application ဖြစ်သောကြောင့် mouse မသုံးပဲ keyboard ဖြင့်သာ အသုံးပြုကြပါစို့။ File menu ပေါ်လာစေရန် Alt+F ကို နှိပ်ပါမည်။ အောက်ပါအတိုင်း ပေါ်လာမည်။

Save ကိုရွေးရန် S ကိုနှိပ်ပါ။
edit မှ ထွက်ရန် Alt+F ထပ်နှိပ်ပြီး X ကိုနှိပ်ပါ။
မူလ command prompt သို့ ပြန်လည်ရောက်ရှိမည် ဖြစ်သည်။ dir command ဖြင့် hello.c ဖိုင်လေးအား command prompt တွင်ကြည့်ပါ။
        Hello.c ဖိုင်သည် လူသား programmer ရေးသားထားသော text ဖိုင်နည်းတူ အခြားလူသားများ ဖတ်နိုင်သော source code ဖိုင်မျှသာ ဖြစ်သည်။ စက်နားလည် သော object code(exe file) ဖြစ်ရန် gcc compiler ဖြင့် compile လုပ်ရမည်ဖြစ်သည်။ gcc hello.c –o hello.exe ဟုရိုက်၍ Enter နှိပ်ပါ။
        dir command ဖြင့် ပြန်ကြည့်ကြည့်ပါ။ မူရင်း source code ဖိုင်ဖြစ်သော hello.c ဖိုင်လေးအပြင် gcc compiler မှ ထုတ်ပေးသော hello.exe ဖိုင်လေးကိုပါ တွေ့ရပါမည်။
မှတ်သားရန်မှာ-
  • hello.c ဖိုင်သည် source code ဖိုင်ဖြစ်သည်။ programmer မှရေးသားဖန်တီးသည်။ run ၍မရ။ အမှားပြင်ဆင်ရန် သို့ အခြား programmer များဖတ်ရန်သာ ပြန်လည်ကြည့်ရှု ပြင်ဆင်နိုင်သည်။
  • hello.exe ဖိုင်သည် object code ဖိုင်ဖြစ်သည်။ compiler မှထုတ်ပေးသည်။ စက်တွင် run ရန်ဖြစ်သည်။ source code မည်သို့ရေးသားထားသည်ကို ပြန်ကြည့်၍မရ။

hello.exe ဖိုင်အား run ရန် command prompt တွင် hello.exe ဟုရိုက်ပြီး enter နှိပ်ပါ။ အောက်ပါအတိုင်း result ပေါ်လာမည်။

        hello.exe ဖိုင်အားဖျက်လိုပါက အသုံးပြုရမည့် command မှာ del (သို့မဟုတ်) erase ဖြစ်သည်။ del hello.exe ဖြစ်သည်။ erase hello.exe လည်းရသည်။ အထူးသတိပြုရန်မှာ command ဖြင့်ဖျက်လိုက်သော ဖိုင်များသည် recovery ပြန်လည် လုပ်ယူရန် အလွန်ခက်ခဲလှသည်။

dir command ဖြင့်ပြန်ကြည့်ကြည့်ပါက hello.c တစ်ဖိုင်တည်းကိုသာတွေ့ရမည်ဖြစ်သည်။

        “C tutorial” ဖိုဒါထဲတွင် lesson1 ဟူသော ဖိုဒါတစ်ခုထပ်ဆောက်ကြည့်ပြီး hello.c ဖိုင်လေးအား ၎င်း lesson1 ဖိုဒါသို့ ရွှေ့ပြောင်းကြည့်မည်။ command prompt တွင်အောက်ပါအတိုင်း လုပ်ကြည့်ပါစို့။ md lesson1 ဟူသော command ဖြင့် lesson1 ဖိုဒါဆောက်မည်။

        ရွှေ့ပြောင်းရန်အတွက် သုံးသော command မှာ move ဖြစ်သည်။ သုံးနည်းမှာ move  ရွှေ့ပြောင်းလိုသည့်လိုသည့်ဖိုင် ရွှေ့ပြောင်းလိုသည့်လိုသည့်နေရာ ဖြစ်သည်။ အတိအကျဆိုလျှင် move .\hello.c .\lesson1 ဖြစ်သည်။ ဤနေရာတွင် .\ သည် လက်ရှိ ရောက်နေသော နေရာကို ဆိုလိုသည်။ အကယ်၍ C:\ ထဲရှိ hello.c ဖိုင်ကို D:\ သို့ပြောင်းရွှေ့လိုလျှင် သုံးရမည့် command မှာ move C:\hello.c D:\ ဖြစ်သည်။
မှတ်သားရန်မှာ
         move command သည် cut/paste သဘောမျိုးဖြစ်သည်။ တစ်နေရာမှ ဖိုင်ကို နောက်တစ်နေရာသို့ ရွှေ့ခြင်းဖြစ်သည့်အတွက် မူလနေရာတွင် ဖိုင်မကျန်နေတော့ပါ။ လက်ရှိ ရောက်ရှိနေသော နေရာသည် desktop ပေါ်ရှိ “C tutorial” ဖိုဒါထဲတွင်ဖြစ်သည်။ ထို “C tutorial” ဖိုဒါထဲရှိ lesson1 ဖိုဒါရှိ hello.c ဖိုင်လေးအား “C tutorial” ဖိုဒါထဲသို့ ကော်ပီပွားလိုပါက copy command ကိုသုံးရမည်။ သုံးနည်းမှာ
copy ကူးလိုသည့်မူရင်းဖိုင် ပွားလိုသည့်ဖိုင်
ဤနေရာတွင်သုံးရမည့် command မှာ
copy .\lesson1\hello.c .\helloCopy.c ဖြစ်သည်။
         desktop ပေါ်ရှိ “C tutorial” ဖိုဒါထဲရှိ lesson1 ဖိုဒါ ရှိ hello.c ဖိုင်လေးအား helloCopy.c အမည်ဖြင့် “C tutorial” ဖိုဒါတွင် ပွားလိုက်ခြင်းဖြစ်သည်။ desktop ပေါ်ရှိ “C tutorial” ဖိုဒါထဲရှိ lesson1 ဖိုဒါ ရှိ hello.c ဖိုင်လေးအား ဖျက်လိုပါက ရိုက်ရမည့် command မှာ
del .\lesson1\hello.c ဖြစ်သည်။
         lesson1 ဖိုဒါအား ပြန်လည်ဖယ်ရှားလိုပါက သုံးရမည့် command မှာ rd .\lesson1 ဖြစ်သည်။ rd အရှည်ကောက်သည် remove directory ဖြစ်သည်။
မှတ်ချက်
         Command prompt အား စတင်သင်ကြား အသုံးပြုရာတွင် မိမိအတွက်အရေးပါသော data များပါရှိသည့် file အစစ်များနှင့် စမ်းသပ်ခြင်းကို ရှောင်ကြဉ်ပါ။ Command prompt သည် system ၏ kernel သို့ တိုက်ရိုက် ချိတ်ဆက် ခိုင်းစေသောကြောင့် လုပ်ဆောင်ချက်များမှာ မြန်ဆန်လှသည်။



Fundamental Knowledge for Operating System

Fundamental Knowledge for Operating System

What is operating system?
        Operating system ဆိုသည်မှာ Hardware devices များနှင့် ကွန်ပျူတာ အသုံးပြုသူများ၊ အသုံးချဆော့ဖ်ဝဲ ကိုကြားခံ ချိတ်ဆက်ပေးသော မရှိမဖြစ် software တစ်မျိုးဖြစ်သည်။



               Operating System အမျိုးအစားများစွာရှိသည်။ အသုံးအများဆုံးမှာ Microsoft Coporation မှ ထုတ်လုပ်သော Microsoft Windows Operating System များဖြစ်သည်။ ဥပမာ- Windows XP, Windows Vista, Windows 7, Windo -ws 8 စသည်တို့ဖြစ်သည်။ အခြား operating system များမှာ Unix, linux အမျိုးအစားများဖြစ်သော Ret hat, Ubuntu, Fedora, Suse, Free BSD စသည်များ၊ Oracle company ၏ solaris၊ Apple ၏ Mac OS စသဖြင့် များစွာရှိသည်။ သို့သော် အသုံးအများဆုံးမှာ Microsoft Windows Operating System များသာဖြစ်သည်။ ကွန်ပျူတာအားလုံး၏ ၈၈ ရာခိုင်နှုန်းသည် Microsoft Windows Operating System များဖြစ်သည်ဟုဆိုကြသည်။ 
         Programmer များအနေဖြင့်မိမိတို့ရေးသားဖန်တီးသော application များအားမည်သည့် OS များပေါ်တွင်အလုပ်လုပ်စေမည်ကိုစဉ်းစားတတ်စေရန်လိုအပ်သည်။ ဥပမာ-မိမိသည် Software Engineer တစ်ယောက် ဖြစ်သည်ဆိုပါစို့။ user တစ်ယောက်သည် မိမိထံသို့ စာစီစာရိုက် application တစ်ခုလာရောက်အပ်နှံသည်ဆိုပါစို့။ user အသုံးပြုနေသော computer သည် မည်သည့် OS တင်၍အသုံးပြုနေသည်ကို မိမိကသိရှိမှသာ ထို OS က လက်ခံသော Platform တွင်အလုပ်လုပ်နိုင်သော programming language ကိုရွေးချယ်နိုင်မည်ဖြစ်သည်။ Windows user အတွက် application ရေးသားရန် Visual Basic ကဲ့သို့သော language ဖြင့်ရေးသားနိုင်သော်လည်း Linux user အတွက် အခြား language တစ်ခုဖြင့်ရေးသားပေးရမည်ဖြစ်သည်။

How they work
        Operating System တစ်ခုတွင်အဓိကအလုပ်လုပ်သောအစိတ်အပိုင်းသည် kernel ဖြစ်သည်။ သို့သော် user နှင့်အဓိကထိတွေ့နိုင်ရန် shell မှတဆင့်ကြားခံပေးသည်။


Figure 1.1 Block diagram for operating system
         ပုံပါလမ်းကြောင်း 1 ကိုရှင်းပြပါမည်။ Windows operating system တွင် start Menu, Task Bar,My Computer, Desktop, Icons စသည်များသည် Windows ၏ GUI Shell ဖြစ်သည့် Explorer.exe ဟူသော Windows Explorer program ၏ ပြသချက်များပင်ဖြစ်သည်။ ဥပမာ- user တစ်ယောက်သည် ဖိုင်တစ်ခုကိုဖျက်မည်ဆိုပါက Windows operating system ၏ GUI Shell ဖြစ်သော  Windows Explorer program ၏ အကူအညီဖြင့် My Computer ကိုဖွင့်ကာ မိမိဖျက်လိုသောဖိုင်ရှိရာနေရာ သို့သွား၍ဖျက်သည်ဆိုပါစို့။ user သည် shell သို့အလုပ်တစ်ခုပေးလိုက်ခြင်းသာဖြစ်သည်။ ထိုအခါ explorer shell သည် kernel သို့လှမ်း၍ဆက်လက်ပြောသွားမည်။ kernel မှတဆင့် assembler သို့ဆက်ပြောပြီးနောက်ဆုံးတွင် hardware (harddisk) သို့ ဖိုင်တကယ်ပျက်စေမည့် voltage တစ်ခုကိုလှမ်းထုတ်ပြီး hardware ပေါ်ရှိဖိုင်ကို တကယ်ပျက်စေမည်ဖြစ်သည်။
        ပုံပါလမ်းကြောင်း 2 ကိုရှင်းပြပါမည်။ ဥပမာ- user တစ်ယောက်သည် Neo software ဖြင့်အခွေတစ်ခွေ burn မည်ဆိုပါက Neo software ကိုဖွင့်၍ burn လိုသောဖိုင်များကို ထည့်ရပါမည်။ နောက်ဆုံး burn စေမည့် button တစ်ခုကို click ၍ burn လိုက်သည်ဆိုပါစို့။ user မှ application ကိုခိုင်းလိုက်ခြင်းပင်ဖြစ်သည်။ Neo application သည် Microsoftware Visual C# languageဖြင့်ရေးသားထားသည်ဆိုပါစို့။ user ခိုင်းစေသောအလုပ်ကို C# Language ၏ Framework ဖြစ်သော Microsoft.Net Framework ကိုဆက်၍ပြောမည်။ Microsoft.Net Framework မှ kernel ကိုလှမ်း၍ပြောမည်။ kernel မှ assembler ကိုဆက်၍ပြောမည်။ assembler မှ နောက်ဆုံး hardware(CD/DVD drive) ကိုလှမ်းပြောကာ အခွေတွင် data burn စေသော voltage များလွှတ်ပေးမည်ဖြစ်သည်။

User interface mode
        Operating system နှင့် User များဆက်ဆံရာတွင် အခြေအနေနှစ်ခုရှိသည်။
  1. Graphical User Interface(GUI) နှင့်
  2. Command Line Interface(CLI) တို့ဖြစ်ကြသည်။
        Graphical User Interface(GUI) ဆိုသည်မှာ window Forms များ၊ buttons များ၊ menu များ၊ textbox များ၊ picturebox များစသည်ဖြင့် user အား mouse ဖြင့်လွယ်လင့်တကူ click ၍အသုံးပြုနိုင်စေသော စနစ်မျိုးဖြစ်သည်။ လက်ရှိအသုံးပြုနေသော Microsoft ၏ Windows စနစ်သည် GUI စနစ်ဖြစ်သည်။ GUI ဖြင့် new Folder တစ်ခုတည်ဆောက်လိုပါကအောက်ပါပုံအတိုင်း user ပြုလုပ်ရမည်ဖြစ်သည်။
Figure 1.2 A GUI Windows
        Command Line Interface(CLI) ဆိုသည်မှာ command processor ဖြစ်သည့် command prompt (Linux တွင် terminal) မှတဆင့် မိမိပြုလုပ်လိုသော ဆောင်ရွက်ချက်များကို တိုက်ရိုက် အမိန့်ပေးခြင်း ဖြစ်သည်။ ဥပမာ-drive C ထဲတွင် tutorial ဟူသော folder တစ်ခု ပြုလုပ်လိုပါက ရိုက်ထည့်ရမည့် command မှာ md C:\tutorial ဖြစ်သည်။


Figure 1.3 A CLI Windows
အသုံးပြုသည့်နည်းလမ်းများကွာခြားသော်လည်းလုပ်ဆောင်မှုနှစ်ခုလုံး၏ ရလဒ်မှာအတူတူပင်ဖြစ်သည်။

Types of OS
        Operating System များကိုအခြေခံအားဖြင့် kernel ပေါ်မူတည်၍
  1. Open Source နှင့်
  2. Close Source ဟူ၍ နှစ်မျိုးခွဲခြားထားသည်။

        မူရင်းရေးသားထားသော OS ၏ source code ကိုပြန်လည်ပြင်ဆင် ပြောင်းလဲရေးသားနိုင်သည့် OS မျိုးကို open source ဟုခေါ်သည်။ ဥပမာ- Linus Torvalds ရေးသားထားသော Linux ဟု အမည်ပေးထားသည့် kernel ကို အသုံးပြုထားသည့် Linux မျိုးကွဲ OS များ(Ubuntu, RetHat, Fedora, Suse စသဖြင့်) ။ Ubuntu Linux ဆိုလျှင် အခမဲ့ဖြစ်သည်။ Ubuntu ဟူသည့် ဝေါဟာရ၏ အဓိပ္ပါယ်မှာပင် အာဖရိကဘာသာစကားဖြင့် “လူသားခြင်း စာနာထောက် ထားခြင်း” ဟူ၍ဖြစ်သည်။ ၎င်းတွင် အသုံးပြုသည့် application များ အားလုံးသည်လည်း အခမဲ့ပင်ဖြစ်သည်။


Figure 1.4 Linus Torvalds, 2000



Figure 1.5 Ubuntu
         မူရင်း ရေးသားထားသော OS ၏ source code များကို ပြန်လည်ပြင်ဆင်ခွင့်မရှိပဲ အသုံးပြုခ အဖိုးအခ ပေးရသည့် OS မျိုးသည် close source ဖြစ်သည်။ ဥပမာ- Microsoft ၏ Windows များဖြစ်သည့် Windows 7, Windows 8 စသဖြင့်။ ၎င်း OS များတွင် အသုံးပြုသည့် application များ အားလုံးလိုလိုသည်လည်း အဖိုးအခ ပေးရသည်။


Figure 1.6 Microsoft Windows 7


Figure 1.7 Windows သုံး application တစ်ခုမှ user အားဝယ်ခိုင်းနေပုံ