Basic commands in Windows' cmd
Windows တွင် command prompt(cmd.exe) ကိုဖွင့် ရန် Windows Key နှင့် R ကိုတွဲနှိပ်၍ပေါ်လာသော Run တွင် cmd ဟုရိုက်ပြီး enter နှိပ်ပါ။ command prompt ပေါ်လာပါလိမ့်မည်။
ပုံမှန်အနေဖြင့် လက်ရှိ ရှိနေတတ်သောနေရာမှာ user profile ဖြစ်သော C:\Users\Administrstor (မိမိ၏ အကောင့် အမည်တစ်ခုခု) ကိုဝင်ရောက် ထားပေးသည်။ ထိုမှတဆင့် မိမိသွားရောက်လိုသော နေရာသို့ သွားရောက် ရမည်ဖြစ်သည်။ ဥပမာ မိမိက Desktop ပေါ်သို့ သွားရောက်လိုလျှင် cd Desktop ဟုရိုက်ပြီး Enter နှိပ်ရမည်ဖြစ်သည်။ ထိုအခါ command prompt တွင် ရောက်ရှိနေရာအား C:\Users\Administrstor\Desktop> ဟုပြသနေမည်ဖြစ်သည်။ ရိုက်ကြည့်ပါက အောက်ပါအတိုင်း ပြမည်ဖြစ်သည်။
မိမိ ရောက်ရှိနေသော နေရာတွင်ရှိသော ဖိုင်၊ဖိုဒါ(Directory) များကိုကြည့်ချင်ပါက dir ဟူသော command ကိုရိုက်ပြီး Enter နှိပ်ပါ။md မိမိဖန်တီးလိုသောဖိုဒါအမည်
ဖြစ်သည်။ (md သည် make directory ဖြစ်သည်။)။ အကယ်၍ မိမိဖန်တီးလိုသော ဖိုဒါအမည်သည် space ခြားနေပါက double quote(“ ”) ခံပေးရမည် ဖြစ်သည်။ ဥပမာအားဖြင့် C Program ဟူသော ဖိုဒါတစ်ခု ဖန်တီးလိုပါက ရိုက်ရမည့် command မှာ
md “C Program”
ဖြစ်သည်။ C နှင့် Program အကြားတွင် space ခြားနေသောကြောင့် “” သုံးပေးရခြင်းဖြစ်သည်။ အကယ်၍ “C Program” ဟူသော ဖိုဒါအား “C tutorial” ဟုအမည်ပြောင်းချင်ပါက သုံးရမည့် command မှာ
ren “C Program” “C tutorial”
ဖြစ်သည်။
လက်ရှိရောက်နေသော Desktop မှ “C tutorial” ဖိုဒါ(Directory) သို့ဝင်ရောက်လိုပါက cd command ဖြင့်ဝင်ရောက်ရမည်ဖြစ်သည်။
cd “C tutorial"
လက်ရှိရောက်ရှိနေသော နေရာမှ နောက်သို့တစ်ဆင့်ဆုတ်ပြန်ထွက်ချင်လျှင် cd..
command ကို သုံးရမည်ဖြစ်သည်။
အကယ်၍နောက်ဆုံး drive အထိပြန်ထွက်ချင်ပါက သုံးရမည့် command မှာ
cd\
ဖြစ်သည်။C:
<Enter>cd %userprofile%
<Enter>cd Desktop
<Enter>ဖြစ်သည်။
ခုနက ဖန်တီးခဲ့သော “C tutorial” ဖိုဒါထဲသို့ပြန်ဝင်လိုပါက cd “C tutorial” ဖြစ်သည်။
Windows တွင်လည်း text file များကိုဖန်တီးနိုင်သော Command line application တစ်ခုရှိသည် (Linux တွင် vi editor ကဲ့သို့ဖြစ်သည်။)။ ၎င်းမှာ edit ဖြစ်သည်။ file name အတိအကျမှာ edit.com ဖြစ်ပြီး system32 ဖိုဒါတွင်ရှိသည်။ လက်ရှိရောက်နေသော desktop ပေါ်ရှိ C tutorial ဖိုဒါထဲတွင် hello.c ဟူသော C program source code ဖိုင်လေးတစ်ခုအား edit ကိုအသုံးပြု၍ တည်ဆောက်ကြပါစို့။ command prompt တွင် “C tutorial” နေရာသို့ ၀င်ရောက်ထားပါ။ ထို့နောက် edit hello.c ဟုရိုက်လိုက်ပါ။
ရေးပြီးသောအခါ သိမ်းဆည်းရန်အတွက် File menu မှ save ကိုနှိပ်ပါမည်။ command line application ဖြစ်သောကြောင့် mouse မသုံးပဲ keyboard ဖြင့်သာ အသုံးပြုကြပါစို့။ File menu ပေါ်လာစေရန် Alt+F ကို နှိပ်ပါမည်။ အောက်ပါအတိုင်း ပေါ်လာမည်။
Save ကိုရွေးရန် S ကိုနှိပ်ပါ။
edit မှ ထွက်ရန် Alt+F ထပ်နှိပ်ပြီး X ကိုနှိပ်ပါ။
မူလ command prompt သို့ ပြန်လည်ရောက်ရှိမည် ဖြစ်သည်။ dir command ဖြင့် hello.c ဖိုင်လေးအား command prompt တွင်ကြည့်ပါ။
edit မှ ထွက်ရန် Alt+F ထပ်နှိပ်ပြီး X ကိုနှိပ်ပါ။
မူလ command prompt သို့ ပြန်လည်ရောက်ရှိမည် ဖြစ်သည်။ dir command ဖြင့် hello.c ဖိုင်လေးအား command prompt တွင်ကြည့်ပါ။
Hello.c ဖိုင်သည် လူသား programmer ရေးသားထားသော text ဖိုင်နည်းတူ အခြားလူသားများ ဖတ်နိုင်သော source code ဖိုင်မျှသာ ဖြစ်သည်။ စက်နားလည် သော object code(exe file) ဖြစ်ရန် gcc compiler ဖြင့် compile လုပ်ရမည်ဖြစ်သည်။
gcc hello.c –o hello.exe
ဟုရိုက်၍ Enter နှိပ်ပါ။
dir command ဖြင့် ပြန်ကြည့်ကြည့်ပါ။ မူရင်း source code ဖိုင်ဖြစ်သော hello.c ဖိုင်လေးအပြင် gcc compiler မှ ထုတ်ပေးသော hello.exe ဖိုင်လေးကိုပါ တွေ့ရပါမည်။
-
hello.c ဖိုင်သည် source code ဖိုင်ဖြစ်သည်။ programmer မှရေးသားဖန်တီးသည်။ run ၍မရ။ အမှားပြင်ဆင်ရန် သို့ အခြား programmer များဖတ်ရန်သာ ပြန်လည်ကြည့်ရှု ပြင်ဆင်နိုင်သည်။
-
hello.exe ဖိုင်သည် object code ဖိုင်ဖြစ်သည်။ compiler မှထုတ်ပေးသည်။ စက်တွင် run ရန်ဖြစ်သည်။ source code မည်သို့ရေးသားထားသည်ကို ပြန်ကြည့်၍မရ။
hello.exe ဖိုင်အား run ရန် command prompt တွင် hello.exe ဟုရိုက်ပြီး enter နှိပ်ပါ။ အောက်ပါအတိုင်း result ပေါ်လာမည်။
del
(သို့မဟုတ်) erase
ဖြစ်သည်။ del hello.exe
ဖြစ်သည်။ erase hello.exe
လည်းရသည်။
အထူးသတိပြုရန်မှာ
command ဖြင့်ဖျက်လိုက်သော ဖိုင်များသည် recovery ပြန်လည် လုပ်ယူရန် အလွန်ခက်ခဲလှသည်။
“C tutorial” ဖိုဒါထဲတွင် lesson1 ဟူသော ဖိုဒါတစ်ခုထပ်ဆောက်ကြည့်ပြီး hello.c ဖိုင်လေးအား ၎င်း lesson1 ဖိုဒါသို့ ရွှေ့ပြောင်းကြည့်မည်။ command prompt တွင်အောက်ပါအတိုင်း လုပ်ကြည့်ပါစို့။
md lesson1
ဟူသော command ဖြင့် lesson1 ဖိုဒါဆောက်မည်။
ရွှေ့ပြောင်းရန်အတွက် သုံးသော command မှာ move ဖြစ်သည်။ သုံးနည်းမှာ move ရွှေ့ပြောင်းလိုသည့်လိုသည့်ဖိုင် ရွှေ့ပြောင်းလိုသည့်လိုသည့်နေရာ ဖြစ်သည်။ အတိအကျဆိုလျှင်
မှတ်သားရန်မှာ
move command သည် cut/paste သဘောမျိုးဖြစ်သည်။ တစ်နေရာမှ ဖိုင်ကို နောက်တစ်နေရာသို့ ရွှေ့ခြင်းဖြစ်သည့်အတွက် မူလနေရာတွင် ဖိုင်မကျန်နေတော့ပါ။ လက်ရှိ ရောက်ရှိနေသော နေရာသည် desktop ပေါ်ရှိ “C tutorial” ဖိုဒါထဲတွင်ဖြစ်သည်။ ထို “C tutorial” ဖိုဒါထဲရှိ lesson1 ဖိုဒါရှိ hello.c ဖိုင်လေးအား “C tutorial” ဖိုဒါထဲသို့ ကော်ပီပွားလိုပါက copy command ကိုသုံးရမည်။ သုံးနည်းမှာ
ဤနေရာတွင်သုံးရမည့် command မှာ
desktop ပေါ်ရှိ “C tutorial” ဖိုဒါထဲရှိ lesson1 ဖိုဒါ ရှိ hello.c ဖိုင်လေးအား helloCopy.c အမည်ဖြင့် “C tutorial” ဖိုဒါတွင် ပွားလိုက်ခြင်းဖြစ်သည်။ desktop ပေါ်ရှိ “C tutorial” ဖိုဒါထဲရှိ lesson1 ဖိုဒါ ရှိ hello.c ဖိုင်လေးအား ဖျက်လိုပါက ရိုက်ရမည့် command မှာ
lesson1 ဖိုဒါအား ပြန်လည်ဖယ်ရှားလိုပါက သုံးရမည့် command မှာ
မှတ်ချက်
Command prompt အား စတင်သင်ကြား အသုံးပြုရာတွင် မိမိအတွက်အရေးပါသော data များပါရှိသည့် file အစစ်များနှင့် စမ်းသပ်ခြင်းကို ရှောင်ကြဉ်ပါ။ Command prompt သည် system ၏ kernel သို့ တိုက်ရိုက် ချိတ်ဆက် ခိုင်းစေသောကြောင့် လုပ်ဆောင်ချက်များမှာ မြန်ဆန်လှသည်။
move .\hello.c .\lesson1
ဖြစ်သည်။ ဤနေရာတွင် .\ သည် လက်ရှိ ရောက်နေသော နေရာကို ဆိုလိုသည်။ အကယ်၍ C:\ ထဲရှိ hello.c ဖိုင်ကို D:\ သို့ပြောင်းရွှေ့လိုလျှင် သုံးရမည့် command မှာ move C:\hello.c D:\
ဖြစ်သည်။မှတ်သားရန်မှာ
move command သည် cut/paste သဘောမျိုးဖြစ်သည်။ တစ်နေရာမှ ဖိုင်ကို နောက်တစ်နေရာသို့ ရွှေ့ခြင်းဖြစ်သည့်အတွက် မူလနေရာတွင် ဖိုင်မကျန်နေတော့ပါ။ လက်ရှိ ရောက်ရှိနေသော နေရာသည် desktop ပေါ်ရှိ “C tutorial” ဖိုဒါထဲတွင်ဖြစ်သည်။ ထို “C tutorial” ဖိုဒါထဲရှိ lesson1 ဖိုဒါရှိ hello.c ဖိုင်လေးအား “C tutorial” ဖိုဒါထဲသို့ ကော်ပီပွားလိုပါက copy command ကိုသုံးရမည်။ သုံးနည်းမှာ
copy
ကူးလိုသည့်မူရင်းဖိုင် ပွားလိုသည့်ဖိုင်ဤနေရာတွင်သုံးရမည့် command မှာ
copy .\lesson1\hello.c .\helloCopy.c
ဖြစ်သည်။desktop ပေါ်ရှိ “C tutorial” ဖိုဒါထဲရှိ lesson1 ဖိုဒါ ရှိ hello.c ဖိုင်လေးအား helloCopy.c အမည်ဖြင့် “C tutorial” ဖိုဒါတွင် ပွားလိုက်ခြင်းဖြစ်သည်။ desktop ပေါ်ရှိ “C tutorial” ဖိုဒါထဲရှိ lesson1 ဖိုဒါ ရှိ hello.c ဖိုင်လေးအား ဖျက်လိုပါက ရိုက်ရမည့် command မှာ
del .\lesson1\hello.c
ဖြစ်သည်။lesson1 ဖိုဒါအား ပြန်လည်ဖယ်ရှားလိုပါက သုံးရမည့် command မှာ
rd .\lesson1
ဖြစ်သည်။ rd အရှည်ကောက်သည် remove directory ဖြစ်သည်။မှတ်ချက်
Command prompt အား စတင်သင်ကြား အသုံးပြုရာတွင် မိမိအတွက်အရေးပါသော data များပါရှိသည့် file အစစ်များနှင့် စမ်းသပ်ခြင်းကို ရှောင်ကြဉ်ပါ။ Command prompt သည် system ၏ kernel သို့ တိုက်ရိုက် ချိတ်ဆက် ခိုင်းစေသောကြောင့် လုပ်ဆောင်ချက်များမှာ မြန်ဆန်လှသည်။
No comments:
Post a Comment