Compiler and Interpreter (Compiled & Interpreted Language)
အမှန်တကယ် ကွန်ပျူတာများ နားလည်ကြသည်မှာ machine language သာဖြစ်သည်။ လူသားများနားလည် ကြသည်မှာလည်း အင်္ဂလိပ်အက္ခရာများနှင့် သင်္ချာဂဏန်းများ၊ သင်္ကေတများ စသဖြင့်ဖြစ်သည်။ ထိုအခါ လူသားများမှ ကွန်ပျူတာကို ဆက်သွယ်ထိန်းချုပ် ပြောဆိုရန်ကြားထဲတွင် လိုအပ်ချက်တစ်ခု ရှိလာသည်။ Compiler ဆိုသည်မှာ လူသား Programmer များရေးသားသော program source code (အင်္ဂလိပ် အက္ခရာများနှင့် သင်္ချာဂဏန်းများ၊ သင်္ကေတများ) မှ စက်နားလည်သော machine executable object code အဖြစ် ပြောင်းလဲပေးသော အရာ (program) တစ်ခုပင် ဖြစ်သည်။
Interpreter ဆိုသည်မှာ programmer ရေးသားသော program source code မှ computer နားလည်သော object code သို့မပြောင်းလဲပဲ တိုက်ရိုက် computer သို့ခိုင်းစေသော အရာပင်ဖြစ်သည်။ ဥပမာ- vbs (Visual Basic Script) language သည် compiler မလိုပဲ interpreter မှ တိုက်ရိုက် run (execute) လုပ်ပေးသော interpreted language တစ်ခုဖြစ်သည်။ user ဖန်တီးသော vbs file များအားလုံးကို system32 ရှိ wscipt.exe(vbs interpreter) မှ ဒိုင်ခံ၍ execute (run) ပေးသည်။ လက်တွေ့ သင်ခန်းစာ တစ်ခု လုပ်ကြည့်ကြပါစို့။ Notepad ဖွင့်ပြီး msgbox(“Hello World!”) ဟုရိုက်ကြည့်ပါ။ file type အား All File ရွေးပြီး File Name ကို Hello.vbs ဟု save လိုက်ပါ။ ၎င်း vbs file အား compile လုပ်စရာမလိုပဲ double click လုပ်၍ run နိုင်မည်ဖြစ်သည်။ vbs language သည် interpreted language ဖြစ်သောကြောင့် wscript interpreter မှတိုက်ရိုက် စက်နားလည်အောင် run ပေး သောကြောင့်ဖြစ်သည်။
Interpreted Language များမှာ vbs, js, python script, windows shell scipt Language(.cmd,.bat file များ) စသည်တို့ဖြစ်ကြပါသည်။ java,C#, C,C++ စသည့် language များသည် compiled Language များဖြစ်သည်။
မှတ်သားရန်- Microsoft Windows Platform တွင် java မှလွဲ၍ ကျန်အားလုံးလိုလို compiled language များမှ source code များကို compiled လုပ်လိုက်လျှင် Windows ၏ standard executable ဖိုင်ဖြစ်သော .exe ဖိုင်အဖြစ် out put ထုတ်ပေးသည်။ java compiler ကား .class ဖိုင် out put ထုတ်ပေးသည်။
မှတ်သားရန်- Microsoft Windows Platform တွင် java မှလွဲ၍ ကျန်အားလုံးလိုလို compiled language များမှ source code များကို compiled လုပ်လိုက်လျှင် Windows ၏ standard executable ဖိုင်ဖြစ်သော .exe ဖိုင်အဖြစ် out put ထုတ်ပေးသည်။ java compiler ကား .class ဖိုင် out put ထုတ်ပေးသည်။
No comments:
Post a Comment