လေကြောင်းရန်ကာကွယ်ရေးဝေါဟာရများ အဘိဓာန်



ဒီတစ်ခါလာမှာက လေကြောင်းရန်ကာကွယ်ရေးဝေါဟာရများ အဘိဓာန်ပါ။ လေကြောင်းရန် ကာကွယ်ရေး နဲ့ ဆိုင်တဲ့ နည်းပညာ အတိုကောက် အသုံးအနှုန်းတွေ ဥပမာ- C4ISR တို့ ၊ IFF တို့ စသဖြင့်ပေါ့ တော်တော် များများ ပါပါတယ်။ တလောက သူငယ်ချင်း တစ်ယောက်ရဲ့ စက်ကို မွှေရင်းနဲ့ အဲဒီ စကားလုံးတွေကို pdf လေးနဲ့ တွေ့ပါတယ်။ ဘယ် source ကမှန်းမသိတော့ ဘယ်သူ့ကို credit ပေးရမှန်းလဲ မသိဘူး။ သူ့ထဲမှာတော့ winnnwa နဲ့ရိုက်ထားတာ။ ဒီတိုင်း pdf က စက်ထဲမှာနေရင် ဘာမှ ဖြစ်လာမှာ မဟုတ်ဘူးလေ။ ပြီးတော့ အဲဒါ ကို print out ထုတ်ပြီးအလွတ်ကျက်ထားမဲ့လူလည်း မရှိလောက်ဖူး ထင်တယ်။ ဒီဘက်ခေတ်မှာ android ဖုန်းသုံးတဲ့သူတွေ များတာဆိုတော့ android အတွက် dictionary လေး လုပ်ရင်တော့ ကောင်းမယ်။ လူတစ်ယောက်တစ်လေ စကားလုံးတစ်လုံးနှစ်လုံး ရှာကြည့်မိလို့  တစ်လုံးတစ်လေ အလွတ်ရသွားလဲ သူ့အတွက်လဲ အကျိုးရှိနိုင်သလို လေကြောင်းရန် ကာကွယ်ရေး တပ်ဖွဲ့နဲ့ တပ်မတော် အတွက်လည်း သဲတပွင့်ပေါ့။ အဲဒါနဲ့ ကျနော်လဲ zawgyi-one ပြန်ပြောင်း SQLite ထဲ ထည့်ပြီး  နဲ့ စိတ်ကူးရပြီး လုပ်လိုက်တာ။ Babylon အတွက်လည်း လုပ်ထားပါတယ်။ Babylon မသုံးတဲ့ သူတွေ အတွက်လည်း Windows အတွက် သီးသန့် ရေးပေးပါဦးမယ်။ သူငယ်ချင်းတို့မှာလည်း တခြား အဘိဓာန်လေးတွေ Glossary source တွေ ရှိကြရင် hard ပဲဖြစ်ဖြစ် soft ပဲ ဖြစ်ဖြစ် ပြောကြပါ။ htaylin50@gmail.com ကိုပို့ပေးကြပါ။ အသုံးဝင် တဲ့ application လေးတွေ ဖြစ်အောင် ရေးပေးပါ့မယ်။ သံချပ်ကာတို့၊ ဆက်သွယ်ရေးတို့ ၊ဆေးတို့ ဘာတို့လို ဝေါဟာရပေါ့။
Android အတွက်က ဒီမှာပါ။
Babylon အတွက်က ဒီမှာပါ။
 

No comments: