ကျနော် မောင်ဌေးလင်း စိတ်ကူးပေါက်လို့ ကဗျာလေးတစ်ပုဒ်တင်မယ်ဗျာ
ငါဆိုတဲ့ပရိုဂရမ်
ထုံအအရစ်သံနဲ့
အူတူတူဝါကျနဲ့
ငါမွေးဖွားခဲ့တဲ့ရက်စွဲတွေ
တစ်ချိန်ကဆွံ့အခဲ့တဲ့အဖြစ်ကို
ဘာမှမသိရင်ဘာမှမဖြစ်ဘူး
ဘာမှမသိတဲ့အကြောင်းငါစဉ်းစားတော့
ဘာသာရပ်တိုင်းမှာ
ငါတွေးခေါ်မှုတွေရာနှူန်းပြည့်အမှတ်နဲ့ရှူံးခဲ့ရ
ဒီလိုနဲ့
အခုထိငါဘာကြောင့်စာမေးပွဲအောင်ခဲ့မှန်းလည်း
ငါမသိဘူး
ငါသိတာက
လေမတိုက်ဘဲကြွေနေတဲ့ပန်းပွင့်တွေ
လေတိုက်ပြီးမယိမ်းထိုးနေတဲ့သစ်ပင်တွေ
ငါသိနေတယ်
ရေမရှိဘဲရွက်လွှင့်နေတဲ့သဘောင်္တွေ
ရေရှိပြီးကူးခတ်မရတဲ့(ငါ့လို)ငါးတွေ
ထင်တဲ့အတိုင်းငါ့ရှေ့ကျလာတဲ့ဖြစ်စဉ်တွေကို
ငါ တစ်ကိုယ်တော်တွေးခဲ့တယ်
ငါ တစ်ကိုယ်တော်ရေးခဲ့တယ်
ငါ့စာမေးပွဲကိုငါကိုယ်တိုင်အမှတ်ပေးတယ်
တခါတရံ
ငါ့ကိုယ်ငါအလွယ်တကူကျရှုံးပစ်ခဲ့တယ်
အတ္တ အမှန်ဝါဒနဲ့ပေါ့
ငယ်ငယ်ကငါလွှတ်ခဲ့တဲ့စွန်ကလေးကြိုးပြတ်သွားတော့
အားလုံးအလိုကျအပျော်ဆုံးဖြစ်ပေးရသူဟာ ငါပါပဲ
အခုတော့
အသိစိတ်ရဲ့နှလုံးသားထဲကသိုလှောင်ထားတဲ့ရာစုချို့မျက်ရည်တွေ
ပုံစံမပြောင်းတဲ့ဘ၀သစ်အတွက်အနီရောင်ပြောင်းခဲ့ပြီ
ငါ့အတွက်ငါရွေးခဲ့တယ်
ငါ့သဘောငါဆောင်ခဲ့တာပါ။
No comments:
Post a Comment