cmd ဆိုတာက command prompt (or) command processor ပါ။ Windows Operating system ကို တိုက်ရိုက်အမိန့်ပေးနိုင်တဲ့နေရာပါ။ Operating system တစ်ခုကိုအပိုင်းအားဖြင့် kernel , shell နဲ့ Configuration (Registry) ဆိုပြီး သုံးပိုင်းရှိတယ်လို့ ပြောနိုင်ပါတယ်။ အကျဉ်းချုပ်ပြီး ကျနော်ရှင်းပြပေးပါ့မယ်။
ပထမပိုင်းဖြစ်တဲ့ kernel ကတော့ OS အဓိက
အလုပ်လုပ်မယ့် အပိုင်းပါ။ တနည်းအားဖြင့် ပြောရရင် OS ဆိုတာကြီး ဖြစ်လာဖို့ အတွင်းပိုင်း
လုပ်ဆောင်ချက် တွေကို ရေးထားတဲ့ ဟာကြီးပေါ့။ OS ထုတ်လုပ်တဲ့ သူတွေ က အဲဒီ အပိုင်းကို
တခြားသူတွေကို ပြင်ဆင်ခွင့်ပေး မပေး ဆိုတာကို မူတည်ပြီး open source တွေ close
source တွေ ဆိုတာတွေ ဖြစ်လာတာပါ။
ဒုတိယ shell ကတော့ ပြောရရင် သူက အခွံပေါ့။ ဘာကို ကာထားတဲ့
အခွံလဲဆိုတော့ kernel ကို ကာထားတဲ့ အခွံပါ။ ကျနော်တို့က OS ကို အလုပ်တွေ လုပ်ဖို့
kernel ကို တိုက်ရိုက် ခိုင်းလို့မရပါဘူး။ shell ကနေပဲ ခိုင်းရတာပါ။ shell မှာ နှစ်မျိုး
ရှိပါတယ်။ GUI (Graphical User Interface) နဲ့ CLI (Command Line Interface) ပါ။
Windows မှာ ဆိုရင် GUI shell အနေနဲ့ Explorer ဆိုတာ ပါတယ်လေ။ ကျနော်တို့ windows စဖွင့်တဲ့
အချိန်က စပြီးပေါ်နေတဲ့ start menu တို့ my computer တို့ task bar တို့ မြင်နေရတဲ့ဟာတွေက
explorer က ပြပေးနေတာပေါ့။ တခါတလေ အကြောင်းအမျိုးမျိုးကြောင့် explorer process လေးပိတ်သွားတဲ့အခါကကျရင်
desktop background ကြီးပဲ ပေါ်နေပြီး ဘာမှလုပ်မရတာမျိုးကို ကြုံဖူးကြမှာပါ။ မကြုံဖူးရင်
task manager ခေါ်ပြီး process ထဲက explorer.exe ကို end လုပ်လိုက်ကြည့်ပါ။ အဲဒီအခါကျရင်
control+alt+del နှိပ် task manager ခေါ်ပြီး File>New Task(Run) မှာ
explorer.exe လို့ရိုက်လိုက်ရင် အားလုံး ပြန်ပေါ်လာမှာပါ။ ဒီလိုလုပ်ရမှန်းသာ မသိရင်တော့
computer ကို restart လုပ်မိမှာ အမှန်ပါပဲ။ ပြန်ချုပ်ပြီးပြောရရင် OS အလုပ်လုပ်ဖို့
user တွေကနေ ပုံလေးတွေကြည့်ပြီး အလွယ်တကူ ခိုင်းနိုင်အောင် kernel ကိုကာထားတဲ့အခွံ
explore က GUI shell ပါ။ ကျနော်ပြောချင်တဲ့ ဇာတ်လိုက်ကြီး cmd ကတော့ explorer လိုပုံကြည့်ပြီးမဟုတ်ပဲ
command တွေရိုက်ပြီးခိုင်းနိုင်အောင် user တွေနဲ့ os ရဲ့ kernel ကြားမှာ ခံထားတဲ့ shell ပါ။ တတိယပိုင်းဖြစ်တဲ့
configuration (Registry) ပိုင်းကိုတော့ သပ်သပ်တင်ပေးပါ့မယ်။ ဒီလောက်ဆိုရင်တော့
cmd အကြောင်းနဲနဲလောက်သိသွားမယ် ထင်ပါတယ်။
ဘယ်လိုတွေအသုံးဝင်သလဲဆိုတာကို ဆက်ရှင်းပြပါ့မယ်။
သူက command တွေတတ်ရင် အကုန်လုံးနီးပါး ခိုင်းလို့ရတယ်။ ဥပမာ ဖိုဒါတစ်ခုထဲမှာ mp3 ဖိုင်
သုံးရာလောက်နဲ့ jpg ဖိုင် သုံးရာပေါင်း ၆၀၀ လောက်ရှိတယ် ဆိုကြပါစို့ဗျာ။ အဲဒီ ထဲကမှ
mp3 ဖိုင်တွေချည်းပဲ ကို ဖျက်ချင်တယ်ဆိုရင် ဘယ်လိုလုပ်ကြမလဲ select ပေးပြီးလိုက်ဖျက်နေရင်လည်း
အကြာကြီးလုပ်ရမယ်လေ။ cmd နဲ့ အဲဒီ ဖိုဒါနားသွားပြီး del *.mp3 လို့ command ပေးလိုက်ရင်
အဲဒီ folder ထဲက mp3 ဖိုင်တွေအားလုံးပျက်သွားမှာပါ။ အသေးစိတ် သိချင်ရင် help လို့ရိုက်ပြီး
ကြည့်နိုင်ပါတယ်။ သူလုပ်နိုင်တာတွေပြောရရင် ကုန်မှာတောင် မဟုတ်ပါဘူး။ ခုနောက်ပိုင်းရေပန်းစားနေတဲ့
android မှာ adb ဆိုတဲ့ android debug
bridge သုံးပြီး android ဖုန်းကို manage လုပ်တာတို့ဘာတို့ နောက်ဆုံးဗျာ root ဖောက်တာတို့
မြန်မာဖောင့် ပြောင်းတဲ့ smart zawgyi တို့မှာဆိုရင် အဲဒီ cmd မှာ သုံးတဲ့ command
တွေကို တစ်စုတစ်စည်းထဲ script အဖြစ် ရေးထားတဲ့
batch ဖိုင် လေးတွေနဲ့သုံးထားကြတာတွေကို တွေ့ကြမှာပါ။ cmd နဲ့ ပတ်သတ်ပြီး ကျနော်ဌေးလင်း
တတ်သလောက် မှတ်သလောက် ဆက်သင်ပေးသွားပါ့မယ်။ ဒီပို့စ်လေးကိုတော့ ဒီမှာပဲနားခွင့်ပြုပါခင်ဗျာ။
အားလုံးကျေးဇူးပါ။
No comments:
Post a Comment