Critical Thinking ကို နားလည်ဘို့
အချက် ၃ ချက်ကို သိရပါတယ်။
ပထမ။ လူ့ဘ၀ဆိုတာ တစ်ဖြောင့်တည်း တစ်လျှောက်လုံး အဖုအထစ်
အချိုင့်အ၀ှမ်းမရှိ ပြေပြစ်ချောမွေ့ သာယာ ချမ်းမြေ့နေတဲ့ ထာဝရလမ်းကြောင်းကြီး
မဟုတ်ဘူး။
လမ်းကြောင်းရှိတာ
မှန်တယ်။ တကယ်ရှိတယ်။ ခန့်ခန့်ညားညားဖြစ် အောင်ပြောရရင်တော့ ဘ၀ … ပေါ့။ လမ်းကြောင်းရှိသလို တကယ်စစ်မှန်တဲ့ ခရီးဆုံးပန်းတိုင်လဲ တကယ်ရှိတယ်။
ဗုဒ္ဓ ဘာသာအလိုအရတော့ မဂ်ဖိုလ်နိဗ္ဗာန်ပေါ့။ ခက်နေတာက လမ်းခုလပ်မှာ အခက်အခဲ
အတားအဆီးတွေရှိတယ်။ ဒါလဲ လမ်းကြောင်းနဲ့ ခရီးဆုံးပန်းတိုင်လို တကယ်ရှိတယ်။ ရှိတော့
ရင်ဆိုင်ရတော့တာပေါ့။ အချိန်အခါ နေရာဒေသ တစ်ယောက်နဲ့ တစ်ယောက်တော့ မတူကြဘူး။
ဒါပေမယ့် လူတိုင်းတစ်ချိန်မဟုတ်တစ်ချိန်၊ တစ်နေရာမဟုတ် တစ်နေရာမှာတော့ တွေ့ကြမှာ
ပဲ။ တစ်ချို့အတွက်ကြတော့ တစ်ချိန်တစ်နေရာတောင် မဟုတ်ဘူး။ နှစ်ချိန်နှစ်နေရာ၊
သုံးချိန်သုံးနေရာ စသည်ဖြင့် ပွားပွား သွားတတ်တယ်။ ကံဆိုးမသွားလေရာ
မိုးလိုက်ရွာဆိုတဲ့ ရိုးရာစကားထဲကလိုဖြစ်တယ်။ အဲဒါကို အင်္ဂလိပ်လိုတော့ CRISIS လို့ ခေါ်တယ်။ ဒီတော့ Crisis
ဆိုတာ
လူတိုင်းတွေ့ရမယ်။ တစ်ချိန်မဟုတ်တစ်ချိန်၊ တစ်နေရာမဟုတ်တစ်နေရာ မတွေ့မရှိ
တွေ့ရမှာပဲ။ လူဆိုတာ Crisis နဲ့ တွဲနေတယ်လို့တောင် ပြောလို့ရတယ်။
အဲဒီ Crisis ကို ကျော်လွှားဘို့ တွေးလာတာ ဉာဏ်
ထုတ်လာတာ အသိပွင့်လာအောင် ထိုးဖောက်လာတာတွေဟာ Critical
Thinking အတွက်
ပထမအချက်ဖြစ်တယ်။
ဒုတိယ။ Critical Thinking မှာ ဘယ်တော့မှ အရှုံးဆိုတာ မရှိဘူး။ အနိုင်ပဲရှိတယ်။
တစ်ဖြောင့်တည်းမဟုတ်တဲ့ လောကကို တရားသေတစ်ခုခုကို ကိုင်စွဲပြီး မိုက်မိုက်ကန်းကန်း
ဝင်တိုက်မနေလို့ပဲ။ Critical Thinking ရဲ့
အလုပ်ကိုယ်၌က ၀င်တိုက်နေဘို့ မဟုတ်ဘူး။ အတားအဆီး အခက်အခဲကို
ကျော်လွှားလွန်မြောက်အောင်မြင်သွားဘို့။ သိသည် ဖြစ်စေ၊ မသိသည် ဖြစ်စေ အမှန်တော့
အောင်မြင်မှုမှန်သမျှဟာ Critical Thinking ကြောင့်
ဖြစ်ရတာချည်းပါပဲ။ ဒီလို စဉ်းစားကြည့်ပါ Critical
Thinking မပါပဲ
အလုပ်တစ်ခုလုပ်ကြည့် ဘယ်လိုမှအောင်မြင်မှာ မဟုတ်ဘူးဆိုတာ တွေ့လာရလိမ့်မယ်။ စကား
အကုန်ပြောလိုက်မယ်။ စကြာဝဠာ ဒါမှမဟုတ် ကမ္ဘာမှာလူရယ်လို့ ပထမဦးဆုံး ပေါ်လာပြီး အဲဒီ
ပထမဆုံး လူသားဟာ အသက်ဆက်ရှင်ချင်စိတ်မရှိဘူးဆိုရင် လူဆိုတာဘယ်မှာမှ ရှိတော့မှာမဟုတ်ဘူး။
Critical Thinking ဆိုတာ စိတ်ထဲ
ဖြတ်ကနဲပေါ်လာလိုက်လို့သာ ငါဆက်အသက်ဆက်ရှင်မယ်ဆိုပြီး ယခုထိ
လူဆိုတာရှိနေခြင်းဖြစ်တယ်။ တစ်နည်းအားဖြင့် အောင်မြင်သော
လူသားလို့ဖြစ်တည်လာခြင်းဖြစ်တယ်။ ဒါကြောင့်မို့ Critical
Thinking မှာ
အောင်မြင်မှုပဲရှိတယ်။ အရှုံးဆို တာလုံးဝမရှိဘူး။ ဒါ ဒုတိယအချက်။ ကဲ .. ဘယ်လောက်ကောင်းလိုက်တဲ့ Critical
Thinking ပါလဲဗျာ။
ကျနော်တို့ သတိမမူ ဂူမမြင် ဖြစ်နေခဲ့တာပါ။
တတိယ။
ဒီတတိယအချက်ဟာ အရေးအကြီးဆုံးဖြစ်တယ်။ ပထမတွေ၊ ဒုတိယတွေ ဘယ်လောက်ကောင်းနေပါစေ
ဒီတတိယအချက် မပါရင်အလကားဖြစ်သွားတယ်။ လူဟာ တိရစ္ဆာန်ဖြစ်သွားတယ်။ ကမ္ဘာမှာ စစ်ပွဲတွေ
စစ်အာဏာရှင်တွေ ဖြစ်ဖြစ်လာတာဟာ ဒီတတိယအချက်ကို ပစ်စလက်ခတ်သဘောထားခဲ့ကြလို့ … လို့ တောင်ပြောနိုင်တယ်။ Critical
Thiniking အဲဒီလောက်ထိ
မြင့်မားဂုဏ်ရှိပါတယ်။ ဒါဖြင့် အဲဒီတတိယအချက်က ဘာလဲ။ လွယ်လွယ်လေး ပထမပြောမယ်။
နောက်မှတစ်ဆင့်တက် နည်းနည်းပြောမယ်။ လွယ်လွယ်လေးပြောရရင်တော့ တတိယနဲ့
အရေးကြီးဆုံးအချက်ဟာ ကိုယ်ချင်းစာတရားဆိုတဲ့ လူ့စိတ်ထားလေးပါပဲ။ စိတ်ထားကောင်း
စိတ်ထားမြတ်ကလေးပါ။ လူတွေက ပေါ့ပေါ့လေးထားလို ထား ခပ်ဖွဖွလေးသုံးလိုသုံး
ခပ်မှိန်မှိန်လေး လျှော့လိုလျှော့ထားလို့သာ ရှိတော့ရှိ၊ ကောင်းတော့ကောင်းပါရဲ့
အေးဆေးပေါ့ ဆိုတဲ့သဘောမျိုး ဘေးဖယ်ခံထားရတဲ့ ကုသိုလ်စိတ် ကုသိုလ်တရား
အကောင်းစားလေးပါ။ သူ့တန်ဖိုးနဲ့သူ သူ့နေရာနဲ့သူ ပြန်တင်ပေးလိုက်ပါ။
လောကကောင်းသွားမှာ သေချာပေါက်အာမခံနိုင်တဲ့ လူ့လောကမဏ္ဍိုင်တစ်ခု ဖြစ်သွားပါ့မယ်။
ဒါကို ကျနော်တိုပ မမေ့သလိုလိုနဲ့ တကယ်တော့ မေ့နေခဲ့ကြတယ်။ မမေ့ကြပါနဲ့စို့။
ခုလိုစဉ်းစားကြည့်ပါ။
ခင်ဗျားဟာ ကျောင်းဆရာတစ်ယောက် ဆိုပါစို့။ ကျောင်းသားတွေကို ပညာတတ်ကြီးဖြစ် အောင်
စာသင်ပေးရတော့မယ်။ ဘယ်ကျောင်းသားမှ ကိုယ့်သားသမီးအရင်း မဖြစ်နိုင်ဘူး။ ဒါပေမယ့်
သူစိမ်းလိုလဲ သဘော ထားလို့မရတော့ဘူး။ အဲဒီတော့ အကောင်းဆုံးကဘာလဲ။
ကိုယ့်ကျောင်းသားတွေကို ကိုယ့်သားသမီးအရင်းလို သဘောထား ပြီး စာသင်ပေးဘို့ပဲကျန်။
အဲဒီ ကိုယ်ချင်းစာတရားပါပဲ။ ကိုယ်ချင်းစာတရားနဲ့ စာသင်ပေးတာလောက်ကောင်းတဲ့စိတ်ထား
ဘယ်လိုရှိဦးမှာလဲ။ အမျိုးသားပညာရေးနှင့် ကိုလိုနီပညာရေး ကွာခြားတာ ဒီကိုယ်ချင်းစာတရားလေးပါပဲ။
ကိုယ်ချင်းစာ စိတ်ထားကြောင့်သာ အမျိုးသားပညာရေးဟာ ကိုလိုနီကျွန်ပညာရေးထက်
အဆင့်မြင့်သွားခြင်းဖြစ်တယ်။ လွတ်လပ်ရေးဟာ လဲဒါကြောင့် ရလာရတယ်။
ကဲအခုနက်နက်နဲနဲ
ပြောတော့မယ်။ ကိုယ်ချင်းစာတရားဆိုတာ မြန်မာတို့ရဲ့
ရိုးရာဗြဟ္မစိုရ်တရားလေးပါးဆိုတဲ့ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတို့ရဲ့
အကိုင်းအခက်တစ်ခုမျှသာ ဖြစ်ပါတယ်။ ဒီမေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဆိုတာလဲ
မြန်မာတို့ရဲ့ ဗုဒ္ဓဘာသာမှာပဲရှိတယ်လို့ ကျနော် ထင်တယ်။ သုတေသနနဲ့တော့
စစ်ကြည့်ရဦးမယ်။ ဒါထားပါတော့။ နောက်ကြလုပ်လို့လဲ ရပါတယ်။ စကားသိပ်ရှည်နေရင်တော့
မေ့သွားတတ်ကြတယ်။ ဒီလောက်ဆို တော်ပါပြီ။
နောက်ဆက်တွဲ
နောက်ဆက်တွဲလို့
သီးသန့်ခွဲပြီးပြောရခြင်းဟာ ဘာသာရပ်ရဲ့ ပင်ကိုယ်သဘာဝ၊ ပင်ကိုယ်စရိုက်တွေအပြင်
ကျနော့် ကိုယ်ပိုင် ထင်မြင်ယူဆတာတွေပါ ထည့်သွင်းပါဝင်နေလို့ပါ။ ဖတ်လို့လည်းဖတ်ပါ။
မဖတ်လဲ ရပါတယ်။
ပထမဆုံး
ပြောချင်တာကတော့ Critical Thinking မှာ လက်တွေ့ပါ
ပါဝင်တယ်ဆိုတာပါပဲ။ အများထင်နေကြတာ က Critical
Thinking ဟာ
အတွေးသက်သက်ပဲလို့၊ Critical Thinking တို့
စာလုံးနှစ်လု့းရှိရာမှာ Thinking တစ်လုံးတည်း ကိုပဲ ကွက်တွေးလိုက်လို့
အဲလိုဖြစ်သွားတာ။ Critical မပါပဲ Thinking
ချည်းပဲဆိုရင်
သူ့ Thinking ရော ကိုယ့် Thinking ရော နှစ်ခုစလုံး မှန်နေတယ်လို့ ဖြစ်သွားမှာပေါ့။ ဒါပေမယ့်
အမှန်တရားဆိုတာ တစ်ခုတည်းရှိရမည်။ ဒီတော့ ဘယ်လို လုပ်မလဲ။ Thinking ကိုတော့ အားကိုးလို့ မရတော့ဘူး။ Thinking နဲ့ မရတော့ဘူးဆိုရင် တစ်ခုပဲကျန်တယ်။ လက်တွေ့နဲ့ အမှား၊
အမှန် ဆုံးဖြတ်ရတော့မယ်။ လက်တွေ့နဲ့ စမ်းကြည့်၊ စစ်ကြည့်ရတော့မယ်။ အဲဒါ Critical ကျတယ်လို့ ပြောလိုက်တာ နဲ့အတူတူပါပဲ။ တစ်ခုသတိထားရမယ်။
လက်တွေ့ချည်းပဲ ထားမယ် Thinking မပါကြေးဆိုရင်လဲ လူမိုက်တွေ ဖြစ်ကုန်မယ်။
လက်နက်ရှိတဲ့လူက လက်နက်မရှိတဲ့လူကို အနိုင်ကျင့်သလို ဖြစ်သွားမယ်။ ဒါကြောင့် Critical လဲ လိုတယ်။ Thinking
လဲ လိုတယ်။ Critical Thinking မှာ လက်တွေ့ပါတယ်ဆိုတာ ဒါလောက်ဆို ရှင်းလောက်ပါပြီ။
ဒါကြောင့်မို့လဲ Critical Thinking မှာ
အရှုံးမရှိတာ။
ဒုတိယပြောချင်တာကတော့
Critical Thinking ဟာ
စစ်အာဏာရှင်နဲ့ တစ်ခြားစီဖြစ်တယ်။ စစ်အာဏာရှင်ဆိုတာ သူပြောပြီးရင်
ကျန်တဲ့သူအားလုံးက လိုက်နာပဲ။ ပြန်မမေးနဲ့ ပြန်မပြောနဲ့။ ဒါကြောင့် စစ်အာဏာရှင်မှာ
Critical Thinking မရှိဘူး။ Critical Thinking ကို သိပ်မုန်းတယ်။ Critical
Thinking သမားတွေကို
ဖမ်းဆီးထောင်ချတယ်။ နှိပ်စက်တယ်။ အသက်သေဆုံးသွားသည်အထိ ရက်စက်တယ်။ ဒါကြောင့်မို့လဲ
လူတွေက စစ်အာဏာရှင်ကို လက်မခံနိုင်ကြတာဖြစ်တယ်။ နောက်ဆုံးတော့ Critical Thinking က စစ်အာဏာရှင်ကို နိုင်ရမှာဖြစ်တယ်။
တတိယနဲ့
နောက်ဆုံးအနေနဲ့ ပြောချင်တာက Critical
Thinking ဟာ အသေးဆုံးကနေ
အကြီးဆုံးအထိ သုံးလို့ ရတယ်။ သုံးလဲသုံးသင့်တယ်ဆိုတာပါပဲ။ အသေးဆုံးဆိုတာ ဘာကို
ဆိုလိုချင်တာလဲ။ နဲနဲ ရှင်းပြပါရစေ။ ဥပမာ ..
ဒီနေ့
ဘာဟင်းချက်စားမလဲဟေ့လို့ မေးလိုက်တာဟာ Critical
Thinking ကို
အသုံးချလိုက်တာပဲ။ မေးသူကိုယ်၌ကတော့ Critical
Thinking မှန်းသိချင်မှသိမယ်။
ကြားဖူးမှာတောင် မဟုတ်ဘူး။ ဒါပေမယ့် သူ့ဦးနှောက်က အလုပ်လုပ်တာ Critical Thinking ဖြစ်တယ်။ မနေ့ကဟင်းလဲ ဟင်းပဲလေ။ ထပ်စားလို့ရတာပဲ။ ဒါပေမယ့်
အဲဒါကို သူမစဉ်းစားတော့ဘူး။ ဟင်းအသစ်ဘက်ကို လှည့်ပြောင်း စဉ်းစားတယ်။ အဲဒါ Critical Thinking ဖြစ်သွားတာပါပဲ။
အကြီးဆုံး
အမြင့်ဆုံးကတော့ ကျနော် ရင်ထဲရှိသလောက် ပြောပါရစေဗျာ။ ဘုရားပွင့်တော်မူတာဟာ Critical Thinking ရဲ့ အထွတ်အထိပ် လွတ်မြောက်သွားတာလို့ ကျနော်တော့ ဆိုချင်တာ။
ဒီနေရာမှာ အနောက်နိုင်ငံတွေရဲ့ Critical
Thinking သင်ရိုးနဲ့
ကျနော့် Critical Thinking ယူဆပုံ
ကွာခြားသွားတယ်။ ဗုဒ္ဓဘာသာဟာ ပညာဘာသာဖြစ်တယ်။ တစ်ခြား ဘာသာတွေဟာ အာဏာဖြစ်တယ်။
ဒါလောက်တော့ မပြောမဖြစ် ပြောပါရစေ။ နားလည်ခွင့်လွှတ်ပေးကြပါ။ အရဟံ ဆိုတာ
သံသရာအားလုံး ဒုက္ခက လွတ်ကင်းသွားတာကိုဆိုတာ။ ဘယ်လိုနည်းနဲ့ လွတ်ကင်းတာလဲ။ Critical Thinking နဲ့ လွတ်ကင်းတာ။ တစ်နည်းပြောရရင်တော့ ၀ိပဿနာပေါ့။
သမ္မာသံဗုဒ္ဓောဆိုတာ ဆရာမရှိ မိမိအလိုလို ကိုယ်တောင်တိုင် သိမြင်တာကို ပြောတာ။
အာဏာမဟုတ်ဘူး။ ကံ၊ ကံ၏ အကျိုးတရားသဘောကို သိမြင်ပြီး ကံ၊ ကံ၏ အကျိုးတရားသဘော
ကိုသိမြင်ပြီး ကံ၊ ကံ၏ အကျိုးတရားရဲ့ လက်ထိပ် သံခြေကျင်းက လွတ်မြောက်သွားတာ။
အာဏာမဟုတ်တဲ့အတွက် Critical Thinking ထဲ
အကျုံးဝင်သွားတယ်လို့ ဆိုလို့ရသွားတယ်။ ၀ိဇ္ဇာစရဏ သမ္ပန္နောဆိုတာ အတွေးရော လက်တွေ့ရော
ပြီးမြောက်ပြည့်စုံသွားတာကိုဆိုတာ။ ဗုဒ္ဓရဲ့ ဂုဏ်တော်ကိုးပါးထဲက ဒီသုံးပါးနဲ့တင် Critical Thinking လို့ ပြောလို့ရသွားပြီ မဟုတ်ပါလားဗျာ။ ကျန်တဲ့
ဂုဏ်တော်တွေအတွက်လဲ ပြောလို့ရပါတယ်။ ဒါပေမယ့် မပြောတော့ပါဘူး။ ခြိုးခြံလိုက်ပါတယ်။
ဒါတွေဟာ ကျနော့် နောက်ဆက်တွဲတွေပါပဲ။
ဒီတော့
မှတ်ရအောင် အကျဉ်းချုပ်လိုက်ရင် Critical
Thinking ဆိုတာ
- Crisis ကိုကျော်လွှားဘို့ တွေးတာလုပ်တာ။
- အရှုံးလုံးဝမရှိတာ။
- ကိုယ်ချင်းစာတရားထားတာတို့ ဖြစ်တယ်။
Critical Thinking ကို ဘယ်နယ်ပယ်မှာ ဖြစ်ဖြစ်ချသုံးလို့ရပါတယ်။ ဥပမာ - ဘာသာရေး၊ ဖလော့ဆဖီ။ ဘာသာရေး မှာ Critical Thinking သုံးတယ်ဆိုတာ ၀ိပဿနာတင်တယ်ဆိုတဲ့ သဘောနဲ့ သက်ဆိုင်မယ်ထင်တယ်။ ဒါကျနော့်အမြင်ပါ။ မှားရင် ပြင်ပေးကြပါ။ ဖလော့ဆဖီမှာ Critical Thinking ကို သုံးတယ်ဆိုတာကြတော့ ဖလော့ဆဖီ တစ်ခုလုံးကို၌က Critical Thinking တွေပဲလို့ ပြောလို့ရမယ် ထင်ပါတယ်။ ဒါအတိုဆုံးပြောလိုက်တာပါ။
ခု ၂၁
ရာစုသစ်မှာ Critical Thinking ဟာ ပညာရေးကဏ္ဍမှာ
တော်လှန်ရေးအပြောင်းအလဲဆန်ဆန်ခေတ်စားလာ ပါတယ်။ ထိုင်းနိုင်ငံမှာ ၂၀၁၀ (ထင်တယ်) ကစပြီး မူလတန်းနဲ့ အလယ်တန်းတွေမှာ Critical Thinking နဲ့ တစ်ပြည်လုံး ပြောင်းတော့မယ်လို့ သတင်းစာမှာ ဖတ်ရပါတယ်။
သင်ရိုးအသစ်တွေ လိုအပ်တဲ့ သင်ထောက်ကူပစ္စည်းတွေ အသင့်ဖြစ်နေ ပြီ … တဲ့။
ဒီဆောင်းပါးဟာ
ယေဘူယျမဟုတ်ပါဘူး။ မရှိမဖြစ် မသိမဖြစ် ရှိသင့်တယ်၊ သိသင့်တယ်ထင်တဲ့
နောက်ခံကားချပ်ပါ။ ဒီကားချပ်ကို အခြေခံပြီး သက်ဆိုင်ရာနယ်ပယ်ဘာသာရပ်တွေမှာ
ဆီလျော်အောင် အသေးစိတ်ဖြည့်ဆည်း အသုံးချနိုင်ဘို့ ဖြစ်ပါတယ်။
ref:http://www.maukkha.org/index.php?option=com_content&view=article&id=791:critical-thinking-&catid=86:feature&Itemid=266