မြန်မာစာပေလောက အတွက်ရော ဘာသာရေးဆိုင်ရာ ဗဟုသုတ တွေကိုရောပါ
ကကြီးကနေ အ
အထိ ပိဋကတ်တွေ ကျမ်း အကိုးအကား တွေနဲ့ ပြပေးထားတဲ့ ဖျာပုံတိုက်သစ် ဆရာတော်ကြီးရဲ့
သုတေသန သရုပ်ပြ အဘိဓာန် ကျမ်းကြီးပါ။ မူရင်း
စာအုပ်ကြီးက စာမျက်နှာ ၇၇၀
လောက်ရှိပါတယ်။ မြန်မာစာပေ ယဉ်ကျေးမှုကို
အထူးပြုလေ့လာနေသူတွေ၊
အင်တာဗျူးတွေဝင်ခွင့်တွေဖြေဖို့ ဗဟုသုတ ရှာမှီးလိုသူတွေ ၊ စာရေးဆရာ လုပ်မယ့်သူတွေ၊ စင်ပေါ်တက်ပြီး
ဟောပြောမယ့် သူတွေ၊ ဗဟုသုတတွေအများကြီးလိုအပ်မယ့်
ခေါင်းဆောင်လုပ်ကြမယ့်လူတွေ အတွက်တော့ အဖိုးမဖြတ်နိုင်တဲ့ အရာတစ်ခုပါ။ ကျမ်းကြီးထဲမှာ ဘာတွေပါလဲ
ဆိုတော့ ဥပမာဗျာ အဋ္ဌာရသ(၁၈)ရပ်ဆိုတာတော့ လူတိုင်းကြားဖူး ကြမှာပေါ့။ ဒါပေမယ့်
အဲ့(၁၈)ရပ်က ဘာတွေလဲ ဆိုတာကို သိတဲ့လူကတော့ ရှားလိမ့်မယ်။ နောက်ပြီး
မြတ်စွာဘုရားရဲ့ စက်တော်မှာ (၁၀၈) ကွက်လက္ခဏာတော်တွေပါတယ်လေ။ အဲ့ (၁၀၈)
မျိုးကဘာဆိုတာတွေ။ ပိုးမျိုး(၈၀)၊ လေမျိုး(၈၀)၊ အနာမျိုး (၉၆)ပါး စသဖြင့်
စသဖြင့် ပေါ့ဗျာ။ ကိုယ်သိချင်တာတွေကို ကကြီးကနေ အ အထိ ရှာကြည့်နိုင်ပါတယ်။
အဲဒါကို ကျနော်က dictionary application လေးအဖြစ် ရေးပေးထားပါတယ်။ Windows
အတွက်ရော Android
အတွက်ရော ရေးပေးထားပါတယ်။ Windows
application ထဲမှာတော့
မူရင်းကျမ်းစာအုပ် (စာမျက်နှာ
၇၇၀ရှိသော) pdf ဖိုင်လေးပါ
ထဲ့ပေးထားပါတယ်။ အားလုံးပဲ ဗဟုသုတတွေ တိုးပွားနိုင်ကြပါစေဗျာ။
Windows application အတွက် ဒေါင်းရန်လင့်
https://drive.google.com/file/d/0B_O9zJGuKeTANHAtdzQ1M3JrS1k/edit?usp=sharing
Android application အတွက် ဒေါင်းရန်လင့်
https://drive.google.com/file/d/0B_O9zJGuKeTAQk1TQVViTEJqWkk/edit?usp=sharing
Original pdf
https://drive.google.com/file/d/0B_O9zJGuKeTAY3hlOVYwV3hPYUE/edit?usp=sharing
Windows application အတွက် ဒေါင်းရန်လင့်
https://drive.google.com/file/d/0B_O9zJGuKeTANHAtdzQ1M3JrS1k/edit?usp=sharing
Android application အတွက် ဒေါင်းရန်လင့်
https://drive.google.com/file/d/0B_O9zJGuKeTAQk1TQVViTEJqWkk/edit?usp=sharing
Original pdf
https://drive.google.com/file/d/0B_O9zJGuKeTAY3hlOVYwV3hPYUE/edit?usp=sharing
No comments:
Post a Comment