Android version အားလုံးမြန်မာစာမမှန်ခြင်းအတွက်ဖြေရှင်းပေးမည့် smart zaygyi pro



            Android ဖုန်းတွေမှာ version 3 ကစပြီး auto script rendering ဆိုလားပဲ feature တစ်ခု ထပ်တိုးလာပါတယ်။ ဥပမာပေးရရင် ကွန်ပျူတာမှာ ကျနော်တို့ Microsoft Word တို့ Powerpoint တို့မှာ စာတွေရိုက်နေရင်းနဲ့ အစ စာလုံးတွေ auto ကြီးပေးတာလိုမျိုးပေါ့ဗျာ။ အဲလိုမျိုး ပေါ့ :-) . အဲဒါကြောင့် zawgyi ဖောင့်မှာသဝေထိုးပြဿနာ အသတ်တွေလွဲတာ မမှန်တာတွေ ဖြစ်တာပါတဲ့။ အဲဒါကို ဖြေရှင်းပေးဖို့ ကိုကျော်စွာသွင် ဆိုတဲ့ သူက smart zawgyi ဆိုတာကိုဖန်တီးခဲ့ပါတယ်။ ကျနော်စမ်း ကြည့်သလောက်တော့ အားလုံး အဆင်ပြေပါတယ် HUAWEI 8813D တို့ဘာတို့လဲ ရသွားပါတယ်။ SAMSAUNG တွေအားလုံးနီးပါး မှန်သွားကြပါတယ်။ ဒေါင်းထားတဲ့ ဇစ် ဖိုင်ကိုဖြည် အထဲက Smart Zawgyi Pro.bat ဖိုင်လေးကို run လိုက်ပါ။ install လုပ်ပြီး အကြောင်းအမျိုးမျိုးကြောင့် uninstall ပြန်လုပ်ချင်ရင်လဲရပါတယ် ။ install လုပ်ရင် 1 uninstall လုပ်ရင် 2 ရိုက်ပြီး enter ခေါက်ရမှာပါ။ ဖုန်းက root access ရှိထားဖို့တော့ လိုပါလိမ့်မယ်။ ကွန်ပျူတာမှာလဲ driver ရှိရပါမယ်။ အားလုံး မြန်မာစာမှန်မှန်နဲ့ android ကို ပျော်ပျော်ရွှင်ရွှင်သုံးနိုင်ကြပါစေ။ အောက်မှာ လင့်ပေးထားပါတယ်။ ဒေါင်းလိုက်ပါ။
https://drive.google.com/file/d/0B_O9zJGuKeTAbmxPQzgzenFER0E/edit?usp=sharing

No comments: