Fundamental Knowledge for Operating System
What is operating system?
Operating system ဆိုသည်မှာ Hardware devices များနှင့် ကွန်ပျူတာ အသုံးပြုသူများ၊ အသုံးချဆော့ဖ်ဝဲ ကိုကြားခံ ချိတ်ဆက်ပေးသော မရှိမဖြစ် software တစ်မျိုးဖြစ်သည်။
Operating System အမျိုးအစားများစွာရှိသည်။ အသုံးအများဆုံးမှာ Microsoft Coporation မှ ထုတ်လုပ်သော Microsoft Windows Operating System များဖြစ်သည်။ ဥပမာ- Windows XP, Windows Vista, Windows 7, Windo -ws 8 စသည်တို့ဖြစ်သည်။ အခြား operating system များမှာ Unix, linux အမျိုးအစားများဖြစ်သော Ret hat, Ubuntu, Fedora, Suse, Free BSD စသည်များ၊ Oracle company ၏ solaris၊ Apple ၏ Mac OS စသဖြင့် များစွာရှိသည်။ သို့သော် အသုံးအများဆုံးမှာ Microsoft Windows Operating System များသာဖြစ်သည်။ ကွန်ပျူတာအားလုံး၏ ၈၈ ရာခိုင်နှုန်းသည် Microsoft Windows Operating System များဖြစ်သည်ဟုဆိုကြသည်။
Programmer များအနေဖြင့်မိမိတို့ရေးသားဖန်တီးသော application များအားမည်သည့် OS များပေါ်တွင်အလုပ်လုပ်စေမည်ကိုစဉ်းစားတတ်စေရန်လိုအပ်သည်။ ဥပမာ-မိမိသည် Software Engineer တစ်ယောက် ဖြစ်သည်ဆိုပါစို့။ user တစ်ယောက်သည် မိမိထံသို့ စာစီစာရိုက် application တစ်ခုလာရောက်အပ်နှံသည်ဆိုပါစို့။ user အသုံးပြုနေသော computer သည် မည်သည့် OS တင်၍အသုံးပြုနေသည်ကို မိမိကသိရှိမှသာ ထို OS က လက်ခံသော Platform တွင်အလုပ်လုပ်နိုင်သော programming language ကိုရွေးချယ်နိုင်မည်ဖြစ်သည်။ Windows user အတွက် application ရေးသားရန် Visual Basic ကဲ့သို့သော language ဖြင့်ရေးသားနိုင်သော်လည်း Linux user အတွက် အခြား language တစ်ခုဖြင့်ရေးသားပေးရမည်ဖြစ်သည်။
How they work
Operating System တစ်ခုတွင်အဓိကအလုပ်လုပ်သောအစိတ်အပိုင်းသည် kernel ဖြစ်သည်။ သို့သော် user နှင့်အဓိကထိတွေ့နိုင်ရန် shell မှတဆင့်ကြားခံပေးသည်။
Figure 1.1 Block diagram for operating system
ပုံပါလမ်းကြောင်း 1 ကိုရှင်းပြပါမည်။
Windows operating system တွင် start Menu, Task Bar,My Computer, Desktop, Icons စသည်များသည် Windows ၏ GUI Shell ဖြစ်သည့် Explorer.exe ဟူသော Windows Explorer program ၏ ပြသချက်များပင်ဖြစ်သည်။ ဥပမာ- user တစ်ယောက်သည် ဖိုင်တစ်ခုကိုဖျက်မည်ဆိုပါက Windows operating system ၏ GUI Shell ဖြစ်သော Windows Explorer program ၏ အကူအညီဖြင့် My Computer ကိုဖွင့်ကာ မိမိဖျက်လိုသောဖိုင်ရှိရာနေရာ သို့သွား၍ဖျက်သည်ဆိုပါစို့။ user သည် shell သို့အလုပ်တစ်ခုပေးလိုက်ခြင်းသာဖြစ်သည်။ ထိုအခါ explorer shell သည် kernel သို့လှမ်း၍ဆက်လက်ပြောသွားမည်။ kernel မှတဆင့် assembler သို့ဆက်ပြောပြီးနောက်ဆုံးတွင် hardware (harddisk) သို့ ဖိုင်တကယ်ပျက်စေမည့် voltage တစ်ခုကိုလှမ်းထုတ်ပြီး hardware ပေါ်ရှိဖိုင်ကို တကယ်ပျက်စေမည်ဖြစ်သည်။
ပုံပါလမ်းကြောင်း 2 ကိုရှင်းပြပါမည်။
ဥပမာ- user တစ်ယောက်သည် Neo software ဖြင့်အခွေတစ်ခွေ burn မည်ဆိုပါက Neo software ကိုဖွင့်၍ burn လိုသောဖိုင်များကို ထည့်ရပါမည်။ နောက်ဆုံး burn စေမည့် button တစ်ခုကို click ၍ burn လိုက်သည်ဆိုပါစို့။ user မှ application ကိုခိုင်းလိုက်ခြင်းပင်ဖြစ်သည်။ Neo application သည် Microsoftware Visual C# languageဖြင့်ရေးသားထားသည်ဆိုပါစို့။ user ခိုင်းစေသောအလုပ်ကို C# Language ၏ Framework ဖြစ်သော Microsoft.Net Framework ကိုဆက်၍ပြောမည်။ Microsoft.Net Framework မှ kernel ကိုလှမ်း၍ပြောမည်။ kernel မှ assembler ကိုဆက်၍ပြောမည်။ assembler မှ နောက်ဆုံး hardware(CD/DVD drive) ကိုလှမ်းပြောကာ အခွေတွင် data burn စေသော voltage များလွှတ်ပေးမည်ဖြစ်သည်။
User interface mode
Operating system နှင့် User များဆက်ဆံရာတွင် အခြေအနေနှစ်ခုရှိသည်။
- Graphical User Interface(GUI) နှင့်
- Command Line Interface(CLI) တို့ဖြစ်ကြသည်။
Graphical User Interface(GUI) ဆိုသည်မှာ window Forms များ၊ buttons များ၊ menu များ၊ textbox များ၊ picturebox များစသည်ဖြင့် user အား mouse ဖြင့်လွယ်လင့်တကူ click ၍အသုံးပြုနိုင်စေသော စနစ်မျိုးဖြစ်သည်။ လက်ရှိအသုံးပြုနေသော Microsoft ၏ Windows စနစ်သည် GUI စနစ်ဖြစ်သည်။ GUI ဖြင့် new Folder တစ်ခုတည်ဆောက်လိုပါကအောက်ပါပုံအတိုင်း user ပြုလုပ်ရမည်ဖြစ်သည်။
Figure 1.2 A GUI Windows
Command Line Interface(CLI) ဆိုသည်မှာ command processor ဖြစ်သည့် command prompt (Linux တွင် terminal) မှတဆင့် မိမိပြုလုပ်လိုသော ဆောင်ရွက်ချက်များကို တိုက်ရိုက် အမိန့်ပေးခြင်း ဖြစ်သည်။ ဥပမာ-drive C ထဲတွင် tutorial ဟူသော folder တစ်ခု ပြုလုပ်လိုပါက ရိုက်ထည့်ရမည့် command မှာ md C:\tutorial ဖြစ်သည်။
Figure 1.3 A CLI Windows
အသုံးပြုသည့်နည်းလမ်းများကွာခြားသော်လည်းလုပ်ဆောင်မှုနှစ်ခုလုံး၏ ရလဒ်မှာအတူတူပင်ဖြစ်သည်။
Types of OS
Operating System များကိုအခြေခံအားဖြင့် kernel ပေါ်မူတည်၍
- Open Source နှင့်
- Close Source ဟူ၍ နှစ်မျိုးခွဲခြားထားသည်။
မူရင်းရေးသားထားသော OS ၏ source code ကိုပြန်လည်ပြင်ဆင် ပြောင်းလဲရေးသားနိုင်သည့် OS မျိုးကို open source ဟုခေါ်သည်။ ဥပမာ- Linus Torvalds ရေးသားထားသော Linux ဟု အမည်ပေးထားသည့် kernel ကို အသုံးပြုထားသည့် Linux မျိုးကွဲ OS များ(Ubuntu, RetHat, Fedora, Suse စသဖြင့်) ။ Ubuntu Linux ဆိုလျှင် အခမဲ့ဖြစ်သည်။ Ubuntu ဟူသည့် ဝေါဟာရ၏ အဓိပ္ပါယ်မှာပင် အာဖရိကဘာသာစကားဖြင့် “လူသားခြင်း စာနာထောက် ထားခြင်း” ဟူ၍ဖြစ်သည်။ ၎င်းတွင် အသုံးပြုသည့် application များ အားလုံးသည်လည်း အခမဲ့ပင်ဖြစ်သည်။
Figure 1.4 Linus Torvalds, 2000
Figure 1.5 Ubuntu
မူရင်း ရေးသားထားသော OS ၏ source code များကို ပြန်လည်ပြင်ဆင်ခွင့်မရှိပဲ အသုံးပြုခ အဖိုးအခ ပေးရသည့် OS မျိုးသည် close source ဖြစ်သည်။ ဥပမာ- Microsoft ၏ Windows များဖြစ်သည့် Windows 7, Windows 8 စသဖြင့်။ ၎င်း OS များတွင် အသုံးပြုသည့် application များ အားလုံးလိုလိုသည်လည်း အဖိုးအခ ပေးရသည်။
Figure 1.6 Microsoft Windows 7
Figure 1.7 Windows သုံး application တစ်ခုမှ user အားဝယ်ခိုင်းနေပုံ