Packaging and Distribution
Packaging
Software System or application များအား ရေးသား ဖန်တီးပြီးသောအခါ အသုံးပြုသူ user များအတွက် သက်ဆိုင်ရာ operating system များတွင် အသင့် ထည့်သွင်း တပ်ဆင်ရန် ထုပ်ပိုးမှု ပြုလုပ်သော အဆင့်ကို packaging ဟုခေါ်သည်။ Windows Operating system များအတွက် installer package များအဖြစ် standard executable file(.exe) ဖိုင်များနှင့် microsoft installer file(.msi) ဖိုင်များကို အသုံးပြုကြသည်။ Linux operating system အတွက်မူ .deb ဖိုင်များ၊ tar.gz ဖိုင်များ စသဖြင့် အသုံးများကြသည်။Windows Operating System များအတွက် installer package များပြုလုပ်ရတွင် သီးခြား installer maker ပြုလုပ်သော application များရှိသကဲ့သို့ အချို့သော Visual Studio ကဲ့သို့သော IDE များတွင် setup file ပြုလုပ်ပေးနိုင်သော function များ ပါဝင်လာသည်။ Java language တွင်မူ executable jar file အဖြစ် .jar file တစ်ဖိုင်တည်းတွင် class file များ၊ audio file များ၊ image file များ၊ icon file များကို စုစည်း၍ ၎င်း jar ဖိုင်ကို Java Runtime Environment (JVM) က execute လုပ်ပေးသည်။
Distribution
Software system တစ်ခု ပြီးမြောက်သောအခါ အများသို့ မဖြန့်ဝေမီ အမှားအယွင်းများ မရှိစေရန် စမ်းသပ်သည့် အနေဖြင့် အစမ်း သုံးစွဲကြည့်ရသည်။ ထိုသို့ စမ်းသပ် သုံးစွဲရာတွင် System ဖန်တီးသူများအချင်းချင်း စမ်းသပ်သည့် version ကို alpha version ဟု ခေါ်သည်။ Alpha version တွင် အမှားအယွင်းများ ရှိနေဦးမည်ဖြစ်သဖြင့် ပြန်လည်ရေးသားပြီး ထပ်မံ စမ်းသပ်ကြသည်။ Alpha version တွင်ကျေနပ်မှုရှိပါက ဖန်တီးသူ အဖွဲ့အစည်းအတွင်း သုံးစွဲနေရာမှ ပြင်ပလောက အသုံးပြုသူများထံသို့ ဖြန့်ဝေ၍ စမ်းသုံး ကြည့်စေသည်။ ၎င်းကို beta version ဟုခေါ်သည်။ Beta version ကို သုံးစွဲနေသူ user များထံမှ မည့်သည့် အချက်ကို ကြိုက်သည်၊ မကြိုက်သည်၊ မည်သို့ဖြစ်စေချင်သည်၊ မဖြစ်စေချင်သည် စသဖြင့် စနစ်အတွက် အကြံပြုချက်များသည် ဖန်တီးသူ အဖွဲ့အစည်း ထံသို့ပြန်လာသည်။ ထိုအချက်အလက်များကို ပြန်လည်ဆန်းစစ် ဖာထေးပြုပြင်၍ ပြည့်စုံပြီ အသုံးပြု သူများ၏ လိုလားချက်များနှင့် ကိုက်ညီသည်ဟု ဆုံးဖြတ်သော အခြေအနေရှိသည့် version ကို ၁၅ ရက် ရက် ၃၀ စသဖြင့် ရက်အကန့်အသတ်ဖြင့်ဖြစ်စေ စနစ်၏ လုပ်ဆောင်ချက်အချို့ မပါဘဲနှင့်ဖြစ်စေ အသုံးပြုသူ user များထံသို့ ၎င်းတို့၏ တရားဝင် website များမှ ဖြန့်ဝေသည်။ အကယ်၍ ကြိုက်နှစ်သက်ပါက online ငွေပေးချေမှုစနစ်ဖြင့် ဖြစ်စေ၊ ဆိုင်များတွင် တရားဝင်ရောင်းချသော အခွေများမှ ဖြစ်စေ ဝယ်ယူအားပေး သုံးစွဲနိုင်သည်။ ထိုသို့ပြည့်စုံသော စနစ်ကို full version ဟုခေါ်သည်။
3 comments:
Nice post bro
အဲလိုလေးတွေရေးပေးတာအရမ်းကျေးဇူးတင်ပါတယ်။ သမီးတို့လို IT Generation အသစ်တွေအတွက်ကတော့ ဒီလိုမျိုးတွေသိရဖတ်ရဖို့ self try လုပ်ဖို့ဆိုတာအတော်မလွယ်တဲ့ကိစ္စပါ။အရမ်းကောင်းပါတယ်။ အမြဲတမ်းအားပေးနေပါ့မယ်ရှင်။
ကောင်းပါတယ်။ဆက်ရေးပါနော်။ဘယ်တော့မှလည်းစိတ်မပျက်ပါနဲ့။ ကြိုးစားအားထုတ်မှုတိုင်းအတွက် ကောင်းကျိုးရလဒ်တွေဆိုတာဘယ်တော့မှပြေးမလွတ်ပါဘူး။
Post a Comment